သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု တောင်ကိုရီးယားနိုင်ငံ ဆိုက်ရောက်

အမေရိကန် လေယာဉ်တင်သင်္ဘောUSS Carl Vinson
အမေရိကန် လေယာဉ်တင်သင်္ဘောUSS Carl Vinson

မြောက်ကိုရီးယားက တန်ပြန်တိုက်ခိုက်ရေးအတွက် ခရုဇ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။

Busan ဆိပ်ကမ်းကို ရောက်လာတဲ့ USS Carl Vinson လေယာဉ်တင်သင်္ဘောအုပ်စုဟာ မြောက်ကိုရီးယားရဲ့ အဆက်မပြတ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးမဟာမိတ် ခိုင်မာမှုကို ပြသဖို့နဲ့ ပူးပေါင်းစစ်စွမ်းရည် မြှင့်တင်ဖို့ ရည်ရွယ်ကြောင်းလည်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ဒါဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဇွန်လကစ ပထမဆုံးအကြိမ် အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားကို ရောက်လာတာလို့လည်း ပြောပါတယ်။ အမေရိကန်က စစ်အင်အား အခိုင်အမာနဲ့ တောင်ကိုရီးယားကို ခေတ္တရောက်ရှိလာတဲ့အပေါ် လုံခြုံရေးအရ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်လေ့ရှိတဲ့ မြောက်ကိုရီးယားက အမေရိကန် ရေတပ်သင်္ဘောအုပ်စု ရောက်လာတဲ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အရင်တုန်း အမေရိကန် လေယာဉ်တင်သင်္ဘောတွေ ရောက်ရှိတဲ့အခါမျိုးမှာ မြောက်ကိုရီးယားက တာဝေးဗုံးကြဲလေယာဉ်တွေ၊ နျူကလီးယားသုံး ရေငုပ်သင်္ဘောတွေနဲ့ မစ်ဇိုင်းဒုံးတွေကို စမ်းသပ်လေ့ ရှိတတ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်တာဝန်ယူခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump ကတော့ သံတမန်ရေးအရ ပြန်လည်ဆက်ဆံနိုင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG