သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကခရီးသည် ကန်လေဆိပ်မှာဆေးစစ်


အာဖရိကတိုက်မှာလာသူ ခရီးသည်တွေကို အမေရိကန်၊ နယူးယောက်လေဆိပ်မှာ အီဘိုလာရောဂါ ပါမပါ စစ်ဆေးမှု ခံယူစဉ်။
အာဖရိကတိုက်မှာလာသူ ခရီးသည်တွေကို အမေရိကန်၊ နယူးယောက်လေဆိပ်မှာ အီဘိုလာရောဂါ ပါမပါ စစ်ဆေးမှု ခံယူစဉ်။

အနောက်အာဖရိကနိုင်ငံတွေကလာတဲ့ လေယာဉ်ခရီးစဉ်တွေမှာ ပါလာတဲ့ခရီးသည်တွေကို အီဘိုလာရောဂါ ဖြစ်မဖြစ်ကို အမေရိကန်လေဆိပ်တချို့မှာ စစ်ဆေးနေပါတယ်။

New York မြို့က JFK လေဆိပ်မှာ ဒီကနေ့ စနေနေ့မှာ စစ်ဆေးမှုတွေ စတင်နေပြီးတော့ Washington Dulles၊ New Jersey Newark၊ Chicago O'Hare နဲ့ Atlanta's လေဆိပ်တွေမှာလည်း လိုင်ဘေးရီးယား၊ ဆီရာလီယွန်းနဲ့ ဂီနီနိုင်ငံက လာကြတဲ့ခရီးသည်တွေကို မကြာခင်မှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အီဘိုဘာရောဂါဟာ လောလောဆယ် နိုင်ငံ ၇ နိုင်ငံမှာဖြစ်ပွားနေပြီး သေဆုံးသူ ၄
ထောင်ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့က
ပြောကြားခဲ့ပါတယ်၊ ဖြစ်နေတဲ့ အီဘိုလာကူးစက်ပျံ့ပွားမှုအတိုင်း
အတာနဲ့ညီမျှတဲ့ ငွေကြေးအကူအညီပေး တိုက်ဖျက်ကြဖို့ အီဘိုလာဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာတိုက်ဖျက်ရေး စစ်သုံး ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက သဘောတူခဲ့ကြပါတယ်။

ရောဂါအဆိုးဆုံးဖြစ်နေတဲ့နေရာမှာ ဆေးပေးစခန်းတွေ ဆောက်လုပ်ဖို့ အမေရိကန် စစ်သားတွေလိုက်ဘေးရီးယားနိုင်ငံမှာ ရောက်ရှိနေကြပါတယ်၊ လိုက်ဘေးရီးယား၊ Sierra Leone နဲ့ Guinea နိုင်ငံတွေမှာ အီဘိုလာကြောင့်
သေဆုံးသူ အများဆုံးဖြစ်တယ်လို့ WHO ကပြောပါတယ်။

ရှေ့သီတင်းပတ်တွေမှာတော့ Washington Dulles၊ New Jersey Newark၊ Chicago O'Hare နဲ့ Atlanta's လေဆိပ်တွေမှာလည်း အီဘိုလာ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ အီဘိုလာ အဆိုးဆုံးဖြစ်နေတဲ့ အာဖရိကနိုင်ငံတွေကနေ အဲဒီလေဆိပ် ၅ ခုပေါင်းဆီ ရောက်လာကြသူခရီးသည်က ၉၀ % ကျော်ပါတယ်။

အီဘိုလာဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံရှိနေပြီး ရောဂါဖြစ်သွားနေတယ်လို့ အတည်ပြုနိုင်သူ ၈,၄၀၀ နီးပါးရှိပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ဖြစ်နေတဲ့ အီဘိုလာကူးစက်ပျံ့ပွားမှုအတိုင်းအတာနဲ့ ညီမျှတဲ့ ငွေကြေးအကူအညီပေး တိုက်ဖျက်ကြဖို့လည်း အီဘိုလာဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့ကြပါတယ်။

XS
SM
MD
LG