သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လေဆိပ် ပြည်ပဆိုက်ရောက်ခရီးသည်တွေအပေါ် လုံခြုံရေး စစ်ဆေးမှုတိုးမြှင့်


ပြည်ပကလာရောက်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းအားလုံးအတွက် ချမှတ်လိုက်တဲ့ အမေရိကန်လေဆိပ်လုံခြုံရေး စည်းမျဉ်းသစ်တွေကြောင့် တချို့လေကြောင်းလိုင်းတွေ ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ ဒီစည်းမျဉ်းသစ်တွေအရ အမေရိကန်ပြည်ထောင်စုကို နေ့စဉ် လေယာဉ်နဲ့လာရောက်ကြတဲ့ ခရီးသည်ပေါင်း ၃ သိန်း၊ ၃ သောင်းလောက်ဟာ ပိုမိုတင်းကြပ်တဲ့ လုံခြုံရေးစိစစ်မှုတွေကို ခံယူကြရမှာဖြစ်ပါတယ်။

ဒါပေမယ့် စည်းမျဉ်းသစ်အရ လုပ်ထုံးလုပ်နည်းတွေကို လေကြောင်းလိုင်း တခုနဲ့တခု ကွဲကွဲပြားပြား အဓိပ္ပာယ်ကောက်ယူနေကြပါတယ်။ Emirate – EgyptAir နဲ့ Lufthansa အပါအဝင် တချို့လေကြောင်းတွေက ခရီးသည်တွေကို လူတွေ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်မယ်လို့ ဆိုကြပါတယ်။ Air France တို့ Royal Jordanian တို့လို လေကြောင်းလိုင်းတွေကတော့ ခရီးသည်တွေကို မေးခွန်းပုံစံတွေမှာ ဖြည့်စွက်ဖြေဆိုခိုင်းမယ်လို့ ဆိုကြပါတယ်။

ဟောင်ကောင်ရဲ့ Cathay Pacific လေကြောင်းကတော့ ခရီးဆောင်အိတ်တွေကို self-service dropping လို့ခေါ်တဲ့ ကိုယ်တိုင်စိစစ်အပ်နှံထားတဲ့ပုံစံကို ခွင့်မပြုတော့ဘဲနဲ့ ကောင်တာမှာ လာရောက်အပ်နှံကြရမယ်လို့ ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခရီးသည်အားလုံး စစ်ဆေးခံယူဖို့ ပိုပြီးအချိန်ပေးကြဖို့နဲ့ အဆင်မပြေမှုအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း အကြံပေးထားပါတယ်။ ကြာသပတေးနေ့မှာစတင်မယ်ဆိုတဲ့ ဒီအစီအစဉ်သစ်ဟာ ထိရောက်မှုရှိမယ်မရှိဘူးဆိုတာ တချို့သော လေကြောင်းလုံခြုံရေး ကျွမ်းကျင်သူတွေက သံသယရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG