သုံးရလွယ်ကူစေသည့် Link များ

ဆိုမားလီးယားနိုင်ငံ အလယ်ပိုင်းမှာ အမေရိကန်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် al-Shabab အဖွဲ့က စစ်သွေးကြွ ၁၅၀ ကျော် သေဆုံးသွားတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ သူတို့ဟာ ကြီးမားတဲ့ တိုက်ခိုက်မှုတခု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။

သီတင်းပတ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဆိုမားလီးယားမြို့တော် Mogadishu နဲ့ ၁၉၅ ကီလိုမီတာလောက်ဝေးတဲ့ al-Shabab အဖွဲ့ရဲ့ စစ်သင်တန်းစခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးကြီး Jeff Davis က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း မောင်းသူပါတဲ့ လေယာဉ်ရော၊ မောင်းသူမပါတဲ့ လေယာဉ်တွေပါ အသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီ စခန်းတည်ရှိမှုကို အမေရိကန်အစိုးရက သိရှိခဲ့ပြီး ဒီစခန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုမားလီးယားနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ အာဖရိကန်သမဂ္ဂတပ်ဖွဲ့တွေအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကို သိရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး Davis က ပြောပါတယ်။

အစောပိုင်း ရရှိတဲ့ အချက်အလက်တွေအရ အကြမ်းဖက်သမား ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ သိရှိထားရကြောင်းလည်း သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG