သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Qaida ခေါင်းဆောင် တဦး ကန် Drone ထိမှန်သေဆုံး


သေဆုံးသွားတဲ့ Al-Qaida ခေါင်းဆောင် Nasser bin Ali al-Ansi ။
သေဆုံးသွားတဲ့ Al-Qaida ခေါင်းဆောင် Nasser bin Ali al-Ansi ။

အမေရိကန်ရဲ့ လေကြောင်းတိုက်က တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင် တဦး ပြီးခဲ့တဲ့လအတွင်း သေဆုံးသွားတယ်လို့ ယီမင်နိုင်ငံမှာ ရှိ တဲ့ al-Qaida အဖွဲ့ခွဲက ပြောပါတယ်။ ယီမင်နိုင်ငံ အတွင်းက Mukalla ဆိပ်ကမ်းမြို့ကို အမေရိကန်က လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့ တာမှာ al-Qaida အဖွဲ့ခွဲခေါင်းဆောင် Nasser bin Ali al-Ansi နဲ့ သူ့ရဲ့ သားကြီး အပါအဝင် တခြား စစ်သွေးကြွ အတော်များများလည်း သေဆုံးသွားခဲ့တယ်လို့ SITE လို့ခေါ်တဲ့ ထောက်လှမ်းရေး အဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတဲ့ ကာတွန်းကို ပုံနှိပ် ထုတ်ေ၀ ခဲ့တဲ့ ပြင်သစ်နိုင်ငံက သရော်စာမဂ္ဂဇင်း Charlie Hebdo ကို ဇန်နဝါရီလတုန်းက တိုက်ခိုက်မှုကို အာရေးဗီးယားကျွန်းဆွယ် အခြေစိုက် သူတို့ရဲ့ al-Qaida အဖွဲ့ခွဲက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Ansi က ပြောထားတာပါ။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ကာကွယ်ရေး ဝန်ကြီး Ashton Carter က အဲဒီကိစ္စကို အတည်ပြု ပြောကြားခဲ့ခြင်း မရှိပါဘူး။

ယီမင်နိုင်ငံအတွင်းမှာရှိတဲ့ al-Qaida အဖွဲ့အပေါ် အမေရိကန်ပြည်ထောင်စု က မောင်းသူမဲ့ Drone ယာဉ်တွေနဲ့ လေကြောင်းကနေ မကြာခန တိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမယ့် ဟူသီ သူပုန်အဖွဲ့တွေက ပြီးခဲ့တဲ့လအတွင်း အမေရိကန်တို့ အသုံးပြုနေတဲ့ ယီမင် လေဆိပ်ဆီကို ဦးတည် ထိုးစစ်ဆင်လာနေတဲ့အတွက် အဲဒီကနေ ပြန်လည် ဆုတ်ခွာခဲ့ပါတယ်။

XS
SM
MD
LG