သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေကြောင်းတိုက်ခိုက်မှုကြောင့် Al-Qaida ထိပ်တန်းခေါင်းဆောင်သေဆုံး


အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အယ်ကိုင်းဒါး အကြမ်းဖက်ခေါင်းဆောင်တဦးဖြစ်တဲ့ Mokhtar Belmokhtar
အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အယ်ကိုင်းဒါး အကြမ်းဖက်ခေါင်းဆောင်တဦးဖြစ်တဲ့ Mokhtar Belmokhtar

လစ်ဗျားနိုင်ငံမှာ အမေရိကန်က ပြုလုပ်ခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးအတွင်း ၂ဝ၁၃ ခုနှစ်တုန်းက Algeria နိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်မှုနဲ့ အလိုရှိနေတဲ့ al-Qaida အဖွဲ့ ထိပ်တန်း ခေါင်းဆောင်တဦးသေဆုံးသွားတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရက ပြောပါတယ်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ စနေနေ့က ပြုလုပ်တဲ့ တိုက်ခိုက်မှုအတွင်း Mokhtar Belmokhtar ဆိုသူ သေဆုံးသွားတယ်လို့ လစ်ဗျား အရာရှိတွေက ပြောပါတယ်။ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံအတွင်းမှာရှိတဲ့ al-Qaida အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အကြမ်းဖက်သမား တဦး သေဆုံးသွားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Steve Warren က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောင်မြင်ကြောင်း စစ်တပ်အရာရှိတွေကပြောတယ်လို့ ပြောတာကလွဲ တိုက်ခိုက်မှုနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။

Signed in Blood Battalion လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် Belmokhtar ကို အမေရိကန် နိုင်ငံခြားရေးဌာနက ဆုငွေ ဒေါ်လာ ၅ သန်း ထုတ်ပြန်ထားတာပါ။ အမေရိကန်နိုင်ငံသား ၃ ယောက်အပါအဝင် လူပေါင်း ၃၇ ဦး သေဆုံးခဲ့တဲ့ အဲဒီ Algeria နိုင်ငံအတွင်းက ဓါတ်ငွေ့ ပိုက်လိုင်းကို ၂ဝ၁၃ ခုနှစ်တုန်းက တိုက်ခိုက်မှုမှာ Mokhtar Belmokhtar က ဦးဆောင် ပါဝင်ခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတာပါ။

XS
SM
MD
LG