သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဗုံးကြဲလို့ သေဆုံးသူတွေထဲ လစ်ဗျား Al Qaida ခေါင်းဆောင် ပါနိုင်


အမေရိကန်လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ ယူဆရသူ အယ်လ်ကိုင်းဒါးခေါင်းဆောင် Mokhtar Belmokhtar
အမေရိကန်လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ ယူဆရသူ အယ်လ်ကိုင်းဒါးခေါင်းဆောင် Mokhtar Belmokhtar

လစ်ဗျားနိုင်ငံမှာ အမေရိကန်တိုက်လေယာဉ် နှစ်စင်းကနေ အလေးချိန် (၂၂၅) ကီလိုဂရမ်ရှိတဲ့ ဗုံးတွေကို ကြဲချခဲ့တယ်လို့ အမေရိကန်နဲ့ လစ်ဗျား အာဏာပိုင်တွေက တနင်္လာနေ့က အတည်ပြုပြောဆိုခဲ့ကြပါတယ်။

လစ်ဗျားနိုင်ငံမှာရှိနေတဲ့ အယ်လ်ကိုင်ဒါအဖွဲရဲ့ အာဖရိကမြောက်ပိုင်းခေါင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် Moammar Gadhafi ကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးဖြစ်ပေါ်ပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံထဲမှာ ပထမဆုံးအကြိမ် အမေရိကန် လေကြောင်း စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်အစိုးရကတော့ အတည်ပြုပြောဆိုခဲ့ပေမဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မျက်လုံးတဘက်ပဲရှိတဲ့ အကြမ်းဖက်ခေါင်းဆောင် Mokhtar Belmokhtar သေဆုံးခဲ့ခြင်းရှိမရှိ ကိုတော့ အတည်မပြုခဲ့ပါဘူး။

ဒါပေမဲ့ Tobruk မှာရှိတဲ့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရအဖွဲ့ကတော့ လစ်ဗျားအရှေ့ခြမ်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ Belmokhtar တယောက်ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

Belmokhtar ကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆုငွေဒေါ်လာ ငါးသန်းထုတ်ထားခဲ့ပါတယ်။ Mokhtar Belmokhtar ဟာ အမေရိကန်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၃၇ ဦး သေဆုံးခဲ့တဲ့ အယ်လ်ဂျီးရီးယားနိုင်ငံက ဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံတခုကို ၂၀၁၃ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုမှာ ခေါင်းဆောင်ခဲ့တယ်လို့ အမေရိကန် အစိုးရအရာရှိတွေက စွပ်စဲထားတာဖြစ်ပါတယ်။

XS
SM
MD
LG