သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေကြောင်းဗုံး IS စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးသေဆုံး


US လေကြောင်း စစ်ဆင်ရေး။
US လေကြောင်း စစ်ဆင်ရေး။

အီရတ်နိုင်ငံမှာပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေတွင်း အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS ရဲ့ ထိပ်တန်း ခေါင်းဆောင် သုံးယောက်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။ Kurd တပ်ဖွဲ့တွေရဲ့ မြေပြင် တိုက်ခိုက်မှုတွေမှာလည်း ဒီ ဆူနီ အစွန်းရောက် စစ်သွေးကြွတွေကို အကြီးအကျယ် အနိုင် တိုက်ထုတ်နိုင်နေတယ်လို့ ဆိုပါတယ်။

အခုလို အနိုင် တိုက်ထုတ်နိုင်တဲ့ အခြေအနေက စစ်သွေးကြွတွေအတွက် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေတွင်း သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေအပေါ် ထိန်းချုပ်မှု အားလျော့သွားစေတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

အခု ချေမှုန်းခံရတဲ့ IS အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကတော့ IS အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghadadi ရဲ့ လက်ထောက် Haji Mutazz နဲ့ IS အဖွဲ့ရဲ့ အီရတ်နိုင်ငံဆိုင်ရာ စစ်ရေးခေါင်းဆောင် Abd al-Basit နဲ့ အလယ်အလတ် တာဝန်ရှိသူတဦးဖြစ်တဲ့ မိုဆူးလ် မြို့ ခေါင်းဆောင် Radwin Talib တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလလယ်ကနေ ဒီဇင်ဘာလ အစောပိုင်းအတွင်း ပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွင်းမှာ ဒီခေါင်းဆောင် သုံးဦး သေဆုံးခဲ့တာလို့လည်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း မနေ့ ကြာသပတေးနေ့က IS အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေ အတော်များများကို Kurd လက်နက်ကိုင် တပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး Yazidi လူနည်းစုဝင် တချို့ ပိတ်မိနေတဲ့ တောင်ကုန်းတခုပေါ်က နေရာကိုလည်း ထိုးဖောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာ့ဒ် တပ်ဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG