သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေကို ကန်လေကြောင်း ဆက်လက် တိုက်ခိုက်


အမေရိကန် ဂျက်တိုက်လေယာဉ်တွေ မောင်းသူမဲ့ ဒုံးယာဉ်တွေနဲ့ တခြား လေယာဉ်တွေ ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကို ဒီကနေ့ သောကြာနေ့မှာ ဆက်လက်တိုက်ခိုက်နေကြပါတယ်။ Deir el Zour ဒေသက လေကြောင်းတိုက်ခိုက်မှုအတွင်း IS တွေရဲ့ ရေနံတင်ကား လေးစီးနဲ့ အခြား တစီးကိုတော့ ဖျက်စီးနိုင်ခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲရေး အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။

မနေ့တုန်းကတော့ ဆီးရီးယား အရှေ့မြောက်ပိုင်းက ရေနံသန့်စင်တဲ့ စက်ရုံတရုံကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲက လေကြောင်းက တိုက်ခိုက်ရာမှာ စစ်သွေးကြွ ၁၄ ယောက်နဲ့ အရပ်သားငါးဦး သေဆုံးသွားတယ်လို့ ဆီးရီးယားအရေး လေ့လာအကဲခတ်သူတွေကပြောပါတယ်။

Deir el Zour ဒေသကို ညဘက်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြာသာပတေးနေ့က ပြောဆိုပါတယ်။

အီရတ်နိုင်ငံတွင်းက IS စစ်သွေးကြွတွေကို ပြင်သစ်က လည်း လေကြောင်းကနေ တိုက်ခိုက်နေပြီး ဒီလိုတိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ဗြိတိန်လွှတ်တော်က ဒီကနေ့မှာ မဲပေးဆုံးဖြတ်ခဲ့လျင်တော့ ဗြိတိန်နိုင်ငံလည်း အီရတ်နိုင်ငံ က လေကြောင်း တိုက်ပွဲတွေမှာ ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေကို တိုက်ခိုက်နှိမ်နင်းဖို့ဟာ နှစ်နဲ့ ချီ အချိန်ယူရနိုင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က သတိပေးပြောဆိုပေမယ့် ဗြိတိန်နဲ့ ဗြိတိန်နိုင်ငံသားတွေအပေါ် တိုက်ခိုက်လာတာကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG