သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အကြီးတန်းအရာရှိ Wells ရဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်


ကန်အကြီးတန်းအရာရှိ Wells
ကန်အကြီးတန်းအရာရှိ Wells

(Zawgyi/Unicode)

အမေရိကန်နိုင်ငံခြားရေးဌာန၊ တောင်နဲ့ အလယ်ပိုင်းအာရှဒေသရေးရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells ဟာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်မယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်တို့ပြင်ပမှာ ဒေသတွင်း လက်တွဲ လုပ်ဆောင်ဘက်တွေနဲ့ နှစ်နိုင်ငံခြင်း သီးခြားတွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဲဒီနောက် ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို Cox’s Bazar ကိုသွားပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေ၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အမေရိကန်က လူသားစာနာမှု အကူအညီပေးနေတဲ့ကိစ္စ ဆွေးနွေးပါမယ်။ ဒါ့အပြင် ဒုက္ခသည်တွေနဲ့ သူတို့နေထိုင်တဲ့ လူမှုအဝန်းအဝိုင်းတွေရဲ့ အခြေအနေကို လေ့လာကြည့်ရှုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒုက္ခသည်တွေကို လူမနေတဲ့ Bhashan Char ကျွန်းကို ပြောင်းရွှေ့မယ့်ကိစ္စ ဆိုင်းငံ့ထားဖို့ အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ဆပ်ကော်မတီကို ပေးပို့တဲ့စာထဲမှာ လက်ထောက်ဝန်ကြီး Alice Wells က တိုက်တွန်းခဲ့အပြီး သီတင်းတပတ်အတွင်းမှာပဲ ဘင်္ဂလား ဒေ့ရှ်ခရီးစဉ် ထုတ်ပြန်ချက် ထွက်လာတာပါ။

လက်ထောက်ဝန်ကြီး Wells ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း Cox’s Bazar က ဒုက္ခသည်စခန်းတွေကို သွားခဲ့ပါ သေးတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)






XS
SM
MD
LG