သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေအတွက် ဒေါ်လာ၅သန်းခွဲ ကုလ ပံ့ပိုးမည်


မြန်မာ စစ်ပြေးဒုက္ခသည်များ
မြန်မာ စစ်ပြေးဒုက္ခသည်များ
အထောက်အပံ့တွေ အလုံအလောက်မရဘဲဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပွားရာ တိုင်းပြည် ၁၀ ခုအတွက် လူမှုရေး စာနာကူညီတဲ့ အထောက်အပံ့ ဒေါ်လာ ၈၆ သန်း ပေးအပ်သွားမယ့်အကြောင်းနဲ့ ဒီအထဲမှာ မြန်မာနိုင်ငံကို ဒေါ်လာ ၅ သန်းခွဲ ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူ ထောင်ပေါင်းများစွာ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် လိုအပ်နေတာကြောင့်၊ အခုထပ်မံပေးအပ်မယ့် ကူညီငွေကြောင့် မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ယာယီ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

“ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ မျက်ကွယ်ပြုခံရဆုံး ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းပြည်တွေမှာ အရေးပေါ် အကူအညီတွေ ဆက်လက် ပေးနိုင်ဖို့ အတွက် ဒေါ်လာသန်း ၉၀ နီးပါး ကုလသမဂ္ဂက ကူညီသွားမယ့်အကြောင်း ဒီလို အကူအညီတွေကြောင့် အများရဲ့ အာရုံစိုက်မှု သိပ်မခံရတဲ့ ပဋိပက္ခဒဏ်သင့် ဒုက္ခသည်သန်းနဲ့ချီကို အကူအညီတွေ ပေးနိုင်မှာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Valerie Amos က ပြောကြားခဲ့တယ်။” - လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ယာယီ လက်ထောက်ပြောခွင့်ရသူ Farhan Haq က ပြောသွားတာပါ။

အခု ကုလသမဂ္ဂ အကူအညီတွေ ထပ်မံရရှိမယ့် နိုင်ငံ ၁၀ ခုထဲမှာတော့ မြန်မာအပြင်၊ မာလီ၊ Chad၊ Colombia၊ Djibouti (ဂျီဘူတီ)၊ မြောက်ကိုရီးယား၊ ဟေတီ၊ ဆူဒန်၊ ယူဂန်ဒါ နဲ့ ယီမင် နိုင်ငံတွေ ပါဝင်ပါတယ်။
XS
SM
MD
LG