သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ၂၀၁၄အစောပိုင်းမှာ နှုတ်ထွက်မည်


တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Locke
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gary Locke
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ လာမယ့်နှစ် အစောပိုင်းမှာ ရာထူးကနေ အနားယူပြီး၊ အမေရိကန်ပြည်ထောင်စုက သူ့မိသားစုနေရပ်ထံ ပြန်မယ်လို့ ပြောလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သမ္မတအိုဘားမားထံကို အခုလ အစောပိုင်းတုန်းက အသိပေး အကြောင်းကြားခဲ့ပြီးပြီလို့ အမေရိကန်သံအမတ်ကြီးက အင်္ဂါနေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အသက် ၆၃ နှစ်အရွယ် သံအမတ်ကြီး Locke ဟာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူတဲ့ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ အခုလို သံအမတ်ကြီးတာဝန်ကို ယူရတဲ့အတွက် သူ့ဘဝမှာ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Locke က ပြောခဲ့ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်ကတည်းက ဒီတာဝန်ကိုယူခဲ့တာပါ။ အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ အမေရိကန်ပြည်သူတွေကို ကိုယ်စားပြုပြီး စွမ်းဆောင်ခဲ့တာတွေအပေါ် သူ့အနေနဲ့ ကျေနပ်ဂုဏ်ယူမိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ သူ တာဝန်ယူစဉ် သက်တမ်းအတွင်းမှာ တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမေရိကန် ပြည်ပပို့ကုန်တွေ တိုးလာခဲ့တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် Visa စောင့်ဆိုင်းချိန်တွေကို လျှော့ချပစ်နိုင်တာကြောင့်လည်း သူတာဝန်ယူစဉ်အတွင်း တရုတ်နိုင်ငံသားတွေ အမေရိကန်ပြည်ထောင်စုကို ပိုမို လာရောက်လည်ပတ်နိုင်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
XS
SM
MD
LG