အမေကန်ဒေါ်လာ ၃၄ ဘီလီယံဖိုး တရုတ် သွင်းကုန်ပစ္စည်း ၈၀၀ အပေါ် အမေရိကန်က အခွန်တိုးချပြီး တဲ့နောက် တရုတ်နိုင်ငံအနေနဲ့ မလွှဲမရှောင်သာ လိုအပ်တဲ့တုံ့ပြန်မှုကို လုပ်ဆောင်ရပြီး အလားတူ တန်ပြန် အခွန်တွေ ချမှတ်ရတာဖြစ်တယ်လို့ တရုတ် နိုင်ငံက သောကြာနေ့မှာပြောပါတယ်။
အမေရိကန်ရဲ့ “စိုက်ပျိုးရေး၊ မော်တော်ယာဉ်နဲ့ ရေထွက်ကုန်ပစ္စည်း” အမျိုးပေါင်း ၅၄၅ မျိုး၊ တန်ဖိုး အားဖြင့် အလားတူ ဒေါ်လာ ၃၄ ဘီလီယံဖိုး ကုန်ပစ္စည်းတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်ချမှတ်တဲ့ အကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန က ဖော်ပြပါတယ်။
အမေရိကန်က အခွန်ချမှတ်တဲ့အပေါ် တရုတ်ဘက်က တုံ့ပြန်လုပ်ဆောင်တာဟာ “လုံးဝ ကျိုးကြောင်ခိုင်လုံတယ်” လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang ကပြောပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ဟာ “ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခင်းအကျင်းကို ကမောက်ကမဖြစ်စေမယ်၊ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မှာ ပြင်းထန်တဲ့လှုပ်ခတ်မှုတွေ ဖြစ်စေမယ်၊ ကမ္ဘာ့စီးပွား ရေး နာလန်ထူမှုကို အဟန့်အတားဖြစ်စေမယ်” လို့ ပြောခွင့်ရ Lu Kang ကပြောတဲ့ အကြောင်း တရုတ် CCTV ရုပ်သံသတင်းဌာန က ထုတ်လွှင့်ပါတယ်။
စားသုံးသူတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေဖြစ်စေပြီး “အမေရိကန်က လုပ်ငန်းတွေ နဲ့ အမေရိကန်လူထုအနေနဲ့လည်း ရှေ့မှာကြုံတွေ့ရမယ့် ထိခိုက်မှုကြီးကို တဖြည်းဖြည်း ပိုပြီး နားလည်လာနေကြတယ်” လို့ Lu Kang ကပြောပါတယ်။