သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြန် အစ္စလာမ်မစ် စစ်သွေးကြွတွေ နိုင်ငံတွင်းအန္တရာယ်ပြု


ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားတဲ့ ဆီးရီးယားနိုင်ငံက စစ်သွေးကြွများ (စက်တင်ဘာ ၁၁၊ ၂၀၁၄)
ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားတဲ့ ဆီးရီးယားနိုင်ငံက စစ်သွေးကြွများ (စက်တင်ဘာ ၁၁၊ ၂၀၁၄)

အီရတ်နဲ့ ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေမှာပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံတွေ ကို ပြန်ရောက်နေကြတဲ့ မူဆလင်စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို တရုတ်နိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ရင်ဆိုင်နေရတယ်လို့ ဗဟိုအာရှ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

အကြမ်းဖက်စစ်ပွဲဖြစ်တဲ့ နိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့စစ်သွေးကြွတွေကို သူတို့အဖွဲ့က အနီးကပ်စောင့်ကြည့်နေကြောင်း၊ အကြမ်း ဖက်မှုနှိမ်နင်းရေး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့SCOရဲ့ အကြီးအကဲ (Zhang Xinfeng ကျန်ဇီဖန့်)ကပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေကို သွားရောက်ပြီး ပြန်လာသူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်တယ်လို့ (ကျန်)ကို ကိုးကားပီး တရုတ်ဆင်ဟွာ သတင်းက ရေး ပေမယ့် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။

ဒီစစ်သွေးကြွတွေနဲ့ ပတ်သက်ပြိး ဒီတပတ်တွင်း ပြုလုပ်မယ့် သူတို့ရဲ့ SCO အဖွဲ့ညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းကို ပြန်လာကြတဲ့ စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ နိုင်ငံတွေကတော့ တရုတ် ၊ ရုရှား ၊ ကာဇစ်စတန်၊ တာဂျစ်ကစ္စတန်၊ ခါဂျစ္စတန် နဲ့ ဥပါကစ္စတန် နိုင်ငံတွေဖြစ်ကြပါတယ်။

XS
SM
MD
LG