သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး စင်္ကာပူမှာ တွေ့မည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

စင်္ကာပူနိုင်ငံမှာ မေလ ၃၁ ရက်ကနေ ဇွန်လ ၂ ရက်နေ့ကျင်းပမယ့် Shangri-La Dialogue ဆွေးနွေးပွဲကျရင် အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဖို့ရှိတယ်လို့ Pentagon စစ်ဌာနချုပ်က ကြေညာပါတယ်။

ကမ္ဘာတဝန်း ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြတဲ့ Shangri-La Dialogue ကျရင် ဝန်ကြီး Lloyd Austin နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး Dong Jun တို့ တွေ့ဆုံကြမယ်လို့ Pentagon စစ်ဌာနချုပ်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ၂ ယောက်ကြား ၁၈ လအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin ဟာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ ဧပြီလကတော့ အွန်လိုင်းပေါ်မှာ ပထမဆုံး ဆက်သွယ်ပြောခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး Austin ဟာ စင်္ကာပူနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ကာကွယ်ရေးဌာနက သောကြာနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စင်္ကာပူနိုင်ငံပြီးရင် ကမ္ဘောဒီယားနိုင်ငံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

This item is part of

Forum

XS
SM
MD
LG