အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ ပြင်သစ်သမ္မတ Francois Hollande ကို အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှာ အင်္ဂါနေ့မနက်ခင်းက ကြိုဆိုတွေ့ဆုံပြီးတော့ အဲ့ဒီနောက်မှာ ဆွေးနွေးပြောဆိုဖို့ အိမ်ဖြူတော်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အီရန်နျူကလီးယား စေ့စပ်ဆွေးနွေးမှုကိစ္စတွေ၊ ဆီးရီးယားအရေးနဲ့ အာဖရိကဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စတွေအပြင် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်း ဆွေးနွေးကြဖို့ ရှိပါတယ်။
မစ္စတာ Hollande ဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှ အမေရိကန်ပြည်ထောင်စုကို ပထမဦးဆုံး ရောက်ရှိလာတဲ့ ပြင်သစ်သမ္မတအနေနဲ့ တနင်္လာနေ့မှာပဲ ရောက်ရှိလာတာပါ။ ဗာဂျီးနီးယားပြည်နယ်က Charlottesville မြို့နဲ့ အမေရိကန်သမ္မတဟောင်း Thomas Jefferson ရဲ့ အိမ်တော်ဖြစ်တဲ့ ၁၈ ရာစုလက်ရာ Monticello အိမ်တော်ကို တနင်္လာနေ့ကပဲ သူတို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။
အမေရိကန် တတိယသမ္မတဖြစ်တဲ့ Thomas Jefferson ဟာ လွတ်လပ်ရေး ကြေညာစာတမ်းကို မူကြမ်းရေးဆွဲတဲ့ထဲမှာ အဓိကပါဝင်ခဲ့ပြီးတော့ ၁၇၈၅ ခုနှစ်ကနေ ၁၇၈၉ ခုနှစ်အထိ ပြင်သစ်နိုင်ငံကို သွားရောက်တဲ့ အမေရိကန်ရဲ့ ဒုတိယမြောက် အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။