သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကိုပိုမိုဒဏ်ခတ်ဖို့ ကန်နဲ့ဂျာမဏီပူးတွဲ သတိပေး


중국 베이징에서 열린 제15회 세계육상선수권대회 여성 7종 경기에 출전한 우크라이나 선수가 멀리뛰기를 하고 있다.
중국 베이징에서 열린 제15회 세계육상선수권대회 여성 7종 경기에 출전한 우크라이나 선수가 멀리뛰기를 하고 있다.
ယူကရိန်းနိုင်ငံက အခြေအနေတွေကို သံတမန်ရေးအရဖြေရှင်းဖို့အတွက် လုပ်စရာရှိတာတွေကို ရုရှားနိုင်ငံက မလုပ်ဘူးဆိုရင် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်တို့က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေလုပ်ပြီး ရက်ပိုင်းအကြာမှာပဲ ခေါင်းဆောင် ၂ ယောက်ဟာ သောကြာနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံခေါင်းဆောင်ပိုင်းက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်အောင် ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်နဲ့ ဥရောပ သမဂ္ဂအနေနဲ့ သံတမန် နဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအဝင် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခပ်မြန်မြန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ ဂျာမနီအနေနဲ့ ဒါမျိုးလုပ်ဖို့ မလိုလားပေမယ့်လည်း၊ ရုရှားအနေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ရှောင်လွှဲလို့ ရမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် မာကယ်လ်က အလေးပေးပြောကြားသွားပါတယ်။ ဘယ်လမ်းကိုသွားချင်လဲဆိုတာ ရုရှားအပေါ်မှာပဲ မူတည်တယ်လို့ ပြောလိုက်ပါတယ်။
XS
SM
MD
LG