သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဓာတုလက်နက် အသုံးပြုမှု အိုဘားမားနဲ့ပူတင် သဘောထားကွဲ


ဆီးရီးယားအရေးမှာ သဘောထားကွဲလွဲမှုရှိနေတဲ့ အမေရိကန်နဲ့ ရုရှား သမ္မတနှစ်ဦး။
ဆီးရီးယားအရေးမှာ သဘောထားကွဲလွဲမှုရှိနေတဲ့ အမေရိကန်နဲ့ ရုရှား သမ္မတနှစ်ဦး။
ဆီးရီးယားမှာ ပြီးခဲ့တဲ့လက အဆိပ်ဓာတ်ငွေ့နဲ့တိုက်ခိုက်မှုဟာ ဆီးရီးယားသူပုန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ Russia သမ္မတ Vladimir Putin
ရဲ့ ပြောကြားချက်ကို အမေရိကန်သမ္မတ Barack Obama က ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားပြဿနာဖြေရှင်းရေး ပါဝင်တဲ့အပေါ်မှာတော့ Russia သမ္မတကို အမေရိကန်သမ္မတက ကြိုဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ရုရှားတို့ကြား စနေနေ့ကမှ ရရှိထားတဲ့ ဆီးရီးယားဓာတုလက်နက် ရှင်းလင်းရေးနဲ့ ပတ်သက်တဲ့ သတ်မှတ် သဘောတူချက်အတိုင်း ဆီးရီးယားအစိုးရက လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ခြိမ်းခြောက်နေတဲ့အတိုင်း တကယ်ကို အင်အားသုံး တိုက်ခိုက်မှာဖြစ်တယ်လို့ နိုင်ခြားရေးဝန်ကြီး John Kerry က ထပ်ပြီး သတိပေးလိုက်ပါတယ်။

၂၀၁၄ ခုနှစ် နှစ်လယ်မရောက်ခင် ဆီးရီးယားမှာ ရှိနေသမျှ ဓာတုလက်နက်တွေ ရှင်းလင်းရေးအတွက် အမေရိကန်နဲ့ရုရှားတို့ကြား သဘောတူထားတဲ့ အစီအစဉ်ကို ဆွေးနွေးဖို့ အစ္စရေးနိုင်ငံ Jerusalem မြို့မှာ ရောက်နေချိန် နိုင်ငံခြားရေးဝန်ကြီး Kerry က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG