အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ထိခိုက်ခဲ့ရတဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီ၊ ကာကွယ်ရေးဝန်ကြီး Chuck Hagel တို့ဟာ ရုရှားနိုင်ငံခြားရေး ၀န်ကြီး၊ ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ရလဒ်ကောင်းတွေ ထွက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့လည်း သိပ်အခြေမလှတဲ့ နှစ်နိုင်ငံဆက်ဆံရေး နဲ့ပတ်သက်လို့တော့ အကြီးတန်း အရာရှိတွေရဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုမှုတွေကတော့ ရပ်တန့်မသွားပါဘူး။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံ အကျိုးစီးပွားကို အခြေခံတဲ့ ဆက်ဆံရေးဖြစ်တာကြောင့်၊ တခါတရံမှာ အကျိုးစီးပွား ပြဿနာတွေနဲ အပြင်းအထန် ကွဲလွဲမှုတွေလည်း ရှိတတ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောသွားပါတယ်။
ရုရှားနဲ့အမေရိကန်အရာရှိတွေဟာ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်နဲ့ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံ အပါအဝင် မဟာဗျူဟာဆိုင်ရာ တခြား အရေးကိစ္စတွေမှာ တိုးတက်မှုတွေရလာအောင် နှစ်နိုင်ငံ ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတဲ့ အရေးပါတဲ့ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောပါတယ်။