သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မဟာဗျူဟာမြောက် နြူကလီယားစာချုပ်ကနေ ကန် နုတ်ထွက်


အမေရိကန်ကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo - ဝါရှငနိုတန်ရှိ င်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီ ၁၊ ၂၀၁၉)
အမေရိကန်ကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo - ဝါရှငနိုတန်ရှိ င်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆယ်စုနှစ်တွေနဲ့ချီ ရှိနေခဲ့တဲ့ မဟာဗျူဟာမြောက် နြူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာလိုက်တဲ့အတွက် လက်နက် ပြိုင်ဆိုင်မှုအသစ်တွေ ပေါ်ပေါက်လာမှာ စိုးရိမ်မှုတွေလည်း ကြီးထွားလာပါတယ်။

စစ်အေးကာလကတည်းက ချုပ်ဆိုထားတဲ့ နြူကလီးယားမစ်ဇိုင်းဒုံး ထိန်းချုပ်ရေး INF စာချုပ်ကို မနက်ဖြန်ကစလို့ လိုက်နာတော့မှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဒီကနေ့ပဲ ကြေညာလိုက်တာပါ။ ၁၉၈၇ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့ နြူကလီးယား လက်နက်ဆိုင်ရာ စာချုပ်ကို ရုရှားဘက်က ဖောက်ဖျက် တယ် ဆိုပြီး အမေရိကန်က စွပ်စွဲထားပြီး ရုရှားကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထား ပါတယ်။ ရုရှားဘက်က စာချုပ်ပါ စည်းမျဉ်းတွေကို လိုက်နာမှုမရှိရင် ၆ လအတွင်း စာချုပ်က နုတ်ထွက်မယ့် အစီအစဉ်ကို ရုရှားအစိုးရထံ တရားဝင် အကြောင်းကြားမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ဝန်ကြီး Pompeo ကပြောဆိုခဲ့တာပါ။

ရုရှားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြေလည်မှုမရတာကြောင့် အမေရိကန်က နုတ်ထွက်လိမ့် မယ်လို့ မျှော်လင့်ထားတာတော့ လနဲ့ချီ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ စည်း မျဉ်းတွေအတိုင်း လိုက်နာဖို့ ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေးမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo ကပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင် မှု မရတာကြောင့် အခုနောက်ဆုံး နုတ်ထွက်ကြောင်း ကြေညာခဲ့ရတာလို့လည်း ပြောပါတယ်။

သဘောတူစာချုပ်မှာ မပါဝင်ပေမဲ့လည်း စာချုပ်မှာ သတ်မှတ်ထားတဲ့ အကွာအဝေးထက် ရောက်နိုင်တဲ့ မစ်ဇိုင်းဒုံးတွေ တည်ဆောက်နေတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း အမေရိကန်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG