သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ် ပင်လယ်ထဲ ကန် နဲ့ ဖိလစ်ပိုင် ပူးတွဲ ကင်းလှည့်


တောင်တရုတ်ပင်လယ်တွင်းက ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်များ။

အမေရိကန်စစ်ဘက်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်စစ်ဘက်နဲ့ ပူးတွဲ ကင်းလှည့်နေပြီးတော့ ကျွန်းစုတွေပေါ်မှာ အလှည့်ကျတပ်ဖွဲ့တွေ၊ စစ်ဘက်ပစ္စည်းကိရိယာတွေနဲ့အတူ တိုးမြှင့်ပြီးတော့ နေရာယူထားတယ်လို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး Ash Carter က ဒီကနေ့ပြောပါတယ်။

တောင်တရုတ်ပင်လယ်တွင်း ပထမဆုံး ပူးတွဲကင်းလှည့်တာကို မတ်လက လုပ်ခဲ့ပြီး ဒုတိယတကြိမ်ကတော့ ဧပြီလအစောပိုင်းမှာ အဆုံးသတ်ခဲ့တယ်လို့ မနီလာမြို့တော်မှာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီး ကာတာကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဂျပန်ပြီးရင် အမေရိကန်နဲ့တပ်ဖွဲ့တွေနဲ့ အတူ တောင်တရုတ် ပင်လယ်ထဲမှာ ပူးတွဲကင်းလှည့်တဲ့ ဒုတိယမြောက် နိုင်ငံဖြစ်တယ်လို့ ကာကွယ်ရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အပြင်းအထန် ဆက်လုပ်လာ နေချိန်မှာပဲ အမေရိကန်ရဲ့ အခုကြေညာချက် ထွက်လာတာပါ။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေမှာရှိတဲ့ သန္တာ ကျောက်တန်းတွေပေါ် မှာ အကျယ်အ၀န်း ဟက်တာ ၁၂၀၀ လောက်ရှိတဲ့ လူလုပ်ကျွန်းတုတွေကို တရုတ်က တည်ဆောက်ထား ပါတယ်။ ဖိလစ်ပိုင်နိုင်ငံနားက သန္တာကျောက်တန်းတွေရှိတဲ့ အဲဒီကျွန်းစုတွေကို တရုတ်၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေက ပိုင်ဆိုင် တယ်လို့ ပြောထားကြတာပါ။

XS
SM
MD
LG