သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင်သင်္ဘော နောက်ထပ်တစင်း ဗီယက်နမ်ကို သွားရောက်မည်


၂၀၁၈ မတ်လတုန်းက USS Carl Vinson (2) ဗီယက်နမ်ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့
၂၀၁၈ မတ်လတုန်းက USS Carl Vinson (2) ဗီယက်နမ်ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့

အမေရိကန် အနေနဲ့ ဗီယက်နမ်နိုင်ငံကို ဒီနှစ်ထဲ နောက်ထပ် လေယာဉ်တင်စစ်သင်္ဘောတစ်စီး ထပ်မံလည်ပတ်စေဖို့ သဘောတူညီမှုရရေး မျှော်လင့်နေပါတယ်။

အမေရိကန်နဲ့ ဗီယက်နမ်အကြား စစ်ပွဲတွေဖြစ်ပွားခဲ့ရာကနေ ဆက်ဆံရေး ပြန်လည် ကောင်းမွန်နီးစပ်လာတာရဲ့ ပုံမှန် ပြယုဂ်အဖြစ် ခုလို ပင်လယ်ဆိပ်ကမ်းလည်ပတ်မှုတွေ လုပ်လာတာဖြစ်တယ်လို့ အမေရိကန် အဆင့်မြင့် ကာကွယ်ရေး အရာရှိတစ်ဦးက ဆိုပါတယ်။

မနှစ် မတ်လတုန်းကလည်း အမေရိကန် လေယာဉ်တင်စစ်သင်္ဘောကြီး USS Carl Vinson (2) အနေနဲ့ ၁၉၇၅ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအပြီး ပထမဆုံးအကြိမ်အနေနဲ့ ဗီယက်နမ်ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပါတယ်။ ခုလို အရင် စစ်ပွဲဖြစ်ခဲ့တဲ့ ရန်သူ (၂) နှိင်ငံအကြား စစ်ရေး မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ တိုးမြှင့်လုပ်ဆောင်လာတာ ဒီအာရှပစိဖိတ်ဒေသတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးချဲ.မှုနဲ့ ခြိမ်းခြောက်မူတွေ ပိုများလာနေချိန်မှာ ဖြစ်လာတာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Randall Schriver က မနှစ်တုန်းကလည်း ဗီယက်နမ်ကို စစ်ပွဲအပြီး ပထမဆုံး ထူးထူးခြားခြား လေယာဉ်တင်သင်္ဘောကြီး စေလွှတ်နိုင်ခဲ့တာမို့ ဒီနှစ်မှာလဲ အလားတူဖြစ်လာဖို့ မျှော်လင့်ထားတယ်၊ အခုဗီယက်နမ်နဲ့ စဆွေးနွေးနေပြီလို့ ဝါရှင်တန်အခြေစိုက် မူဝါဒလေ့လာရေးအဖွဲ့တစ်ခုကို ပြောကြားခဲ့ပါတယ်။

ကန်လေယာဉ်တင်သင်္ဘော နောက်ထပ်တစင်း ဗီယက်နမ်ကို သွားရောက်မည်
please wait

No media source currently available

0:00 0:00:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG