သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေရာဂါ ေလ်ာ့က်ႏိုင္တဲ့ေဆး အေမရိကန္ စတင္ခြင့္ျပဳ


Medicare Alzheimer Brain Scans

သက္ႀကီးပိုင္းေတြမွာ အျဖစ္မ်ားတဲ့ Alzheimer မွတ္ဉာဏ္ ခ်ဳိ ႔ယြင္းအားနည္းမႈေရာဂါ သက္သာေစမယ့္ ေဆးသစ္တမ်ိဳးကို အေမရိကန္ သုံးစြဲခြင့္ျပဳလိုက္ပါၿပီ။

ဦးေႏွာက္က်ဳံ ႔ ေဝဝါးလာၿပီး သတိေမ့စဥ္းစားရခက္လာတဲ့ ဒီေရာဂါအစပိုင္းအဆင့္မွာ ေရာဂါပိုမဆိုးေအာင္ တစုံတရာေလွ်ာ့ခ်ႏိုင္မယ့္ Leqembi လို႔ နာမည္ေပးထားတဲ့ ဒီေဆးကို အေမရိကန္ FDA အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက မေန႔က စခြင့္ျပဳေပး လိုက္တာပါ။ ဒါေပမဲ့ ဒီေဆးက ေစ်းႀကီးလြန္းၿပီး တႏွစ္ကို အေမရိကန္ ေဒၚလာ ၂၆,၅၀၀ ကုန္မွာျဖစ္သလို၊ အႀကိမ္ႀကိမ္ ေဆးသြင္းရတာနဲ႔ ေဘးထြက္ဆိုးက်ိဳးျပင္းထန္ေစတာေတြ ႐ွိတာမို႔ ဘယ္သူေတြကို ေပးသင့္တယ္ဆိုတာ ဆရာဝန္ေတြ အမ်ားႀကီး ခ်င့္ခ်ိန္တြက္ဆရဖို႔ ႐ွိတယ္လို႔ အေမရိကန္ က်န္းမာေရး အရာ႐ွိေတြက ေျပာပါတယ္။

ဒီေရာဂါျဖစ္ေစတဲ့ ဇီဝအေျခခံအေၾကာင္းရင္းကို ပစ္မွတ္ထားကုသေပးတဲ့ ဒီေဆးသစ္ကို Alzheimer ေရာဂါ အစပိုင္းနဲ႔ မဆိုးေသးတဲ့ အဆင့္မွာပဲ ေပးဖို႔ အေမရိကန္ FDA က အတိအက် ၫႊန္ၾကားထားပါတယ္။

ဂ်ပန္ရဲ႕ Eisai ကုမၸဏီနဲ႔ မဟာမိတ္ အေမရိကန္ကုမၸဏီ Biogen တို႔ ပူးေတြထုတ္တဲ့ ဒီေဆးဟာ အရင္အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္မႈေတြ မေအာင္မျမင္ ျဖစ္ခဲ့အၿပီး၊ အခုေနာက္ဆုံး ႐ြား႐ြားပါးပါး ေအာင္ျမင္မႈျဖစ္တယ္လို႔ ေဆးပညာ႐ွင္ေတြက ေျပာပါတယ္။

ဒါေပမဲ့ ဒီေဆးက Alzheimer ေရာဂါကို အလြန္ဆုံး တႏွစ္ဝန္းက်င္ေလာက္ပဲ ေႏွးသြားေအာင္ လုပ္ႏိုင္ၿပီး၊ ေရာဂါေပ်ာက္ေအာင္ ကုသေပးႏိုင္တဲ့ ေဆးေတာ့ မဟုတ္ဘူးလို႔ ဝါ႐ွင္တန္တကၠသိုလ္က ဦးေႏွာက္နဲ႔ အာ႐ုံေၾကာအထူးကု Dr. Joy Snider က ေျပာပါတယ္။

ဒါေပမဲ့လည္း အနည္းဆုံး ၆ လကေန တစ္ႏွစ္ဝန္းက်င္အထိ ဒီလူႀကီးေတြ ဆိုးဆိုးဝါးဝါး ခံစားလာရတဲ့ Alzheimer’s ေရာဂါကို ေႏွးေအာင္လုပ္ေပးႏိုင္တာကိုက ဒီေရာဂါသည္ေတြအတြက္ အဓိပၸါယ္ ႐ွိေစပါတယ္လို႔ က်န္းမာေရးပညာ႐ွင္ေတြက ေထာက္ျပေျပာဆိုၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ လူနာေတြကိုယ္တိုင္ သူတို႔အတြက္ ဆိုးက်ိဳးေကာင္းက်ိဳးယွဥ္ၿပီး ဒီေဆးသုံးစြဲဖို႔ ဆုံးျဖတ္ရမွာ ျဖစ္တယ္လို႔လည္း ပညာ႐ွင္ေတြက ေျပာဆိုၾကပါတယ္။

====== Unicode =======


သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ Alzheimer မှတ်ဉာဏ် ချို့ယွင်းအားနည်းမှုရောဂါ သက်သာစေမယ့် ဆေးသစ်တမျိုးကို အမေရိကန် သုံးစွဲခွင့်ပြုလိုက်ပါပြီ။

ဦးနှောက်ကျုံ့ ဝေဝါးလာပြီး သတိမေ့စဉ်းစားရခက်လာတဲ့ ဒီရောဂါအစပိုင်းအဆင့်မှာ ရောဂါပိုမဆိုးအောင် တစုံတရာလျှော့ချနိုင်မယ့် Leqembi လို့ နာမည်ပေးထားတဲ့ ဒီဆေးကို အမေရိကန် FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက မနေ့က စခွင့်ပြုပေး လိုက်တာပါ။ ဒါပေမဲ့ ဒီဆေးက ဈေးကြီးလွန်းပြီး တနှစ်ကို အမေရိကန် ဒေါ်လာ ၂၆,၅၀၀ ကုန်မှာဖြစ်သလို၊ အကြိမ်ကြိမ် ဆေးသွင်းရတာနဲ့ ဘေးထွက်ဆိုးကျိုးပြင်းထန်စေတာတွေ ရှိတာမို့ ဘယ်သူတွေကို ပေးသင့်တယ်ဆိုတာ ဆရာဝန်တွေ အများကြီး ချင့်ချိန်တွက်ဆရဖို့ ရှိတယ်လို့ အမေရိကန် ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒီရောဂါဖြစ်စေတဲ့ ဇီဝအခြေခံအကြောင်းရင်းကို ပစ်မှတ်ထားကုသပေးတဲ့ ဒီဆေးသစ်ကို Alzheimer ရောဂါ အစပိုင်းနဲ့ မဆိုးသေးတဲ့ အဆင့်မှာပဲ ပေးဖို့ အမေရိကန် FDA က အတိအကျ ညွှန်ကြားထားပါတယ်။

ဂျပန်ရဲ့ Eisai ကုမ္ပဏီနဲ့ မဟာမိတ် အမေရိကန်ကုမ္ပဏီ Biogen တို့ ပူးတွေထုတ်တဲ့ ဒီဆေးဟာ အရင်အကြိမ်ပေါင်းများစွာ စမ်းသပ်မှုတွေ မအောင်မမြင် ဖြစ်ခဲ့အပြီး၊ အခုနောက်ဆုံး ရွားရွားပါးပါး အောင်မြင်မှုဖြစ်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဒီဆေးက Alzheimer ရောဂါကို အလွန်ဆုံး တနှစ်ဝန်းကျင်လောက်ပဲ နှေးသွားအောင် လုပ်နိုင်ပြီး၊ ရောဂါပျောက်အောင် ကုသပေးနိုင်တဲ့ ဆေးတော့ မဟုတ်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က ဦးနှောက်နဲ့ အာရုံကြောအထူးကု Dr. Joy Snider က ပြောပါတယ်။

ဒါပေမဲ့လည်း အနည်းဆုံး ၆ လကနေ တစ်နှစ်ဝန်းကျင်အထိ ဒီလူကြီးတွေ ဆိုးဆိုးဝါးဝါး ခံစားလာရတဲ့ Alzheimer’s ရောဂါကို နှေးအောင်လုပ်ပေးနိုင်တာကိုက ဒီရောဂါသည်တွေအတွက် အဓိပ္ပါယ် ရှိစေပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ နောက်ဆုံးမှာတော့ လူနာတွေကိုယ်တိုင် သူတို့အတွက် ဆိုးကျိုးကောင်းကျိုးယှဉ်ပြီး ဒီဆေးသုံးစွဲဖို့ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ပညာရှင်တွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG