သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ဓာတ်ခွဲခန်းထုတ် အသား' ရောင်းချခွင့် အမေရိကန် စတင် ခွင့်ပြု


Upside Foods စက်ရုံမှ ဓာတ်ခွဲခန်းထုတ် ကြက်သားတု၊ ဇန် ၁၁၊ ၂၀၂၃
Upside Foods စက်ရုံမှ ဓာတ်ခွဲခန်းထုတ် ကြက်သားတု၊ ဇန် ၁၁၊ ၂၀၂၃

မွေးမြူရေး ကြက်တွေကို သတ်ဖြတ်ပြီး ရလာတဲ့အသား မဟုတ်ဘဲ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးယူထားတဲ့ ဆဲလ်တွေက ပေါက်ဖွားလာတဲ့ ကြက်သားတွေကို ရောင်းချခွင့်ပြုကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Upside Foods နဲ့ Good Meat ထုတ် “ဓာတ်ခွဲခန်းထုတ် အသား” ဒါမှမဟုတ် “စိုက်ပျိုးထားတဲ့ အသား” လို့ လူသိများတဲ့ အသားတွေကို ရောင်းချခွင့်ပြုလိုက်တာပါ။

ဒီအသားတွေကို သက်ရှိတိရစ္ဆာန်က လာတဲ့ဆဲလ်တွေ၊ မျိုးအောင်ထားတဲ့ ဥတွေကတဆင့် ထုတ်လုပ်သလို သံမဏိကန်တွေသုံးပြီး ထုတ်လုပ်တာလည်း ရှိပါတယ်။ အထူး သိုလှောင်ရေး ဘဏ်ကို အသုံးပြုပြီး သိုလှောင် ထားတဲ့ ဆဲလ်တွေကတဆင့်လည်း ထုတ်လုပ်ပါတယ်။

ဒီနည်းလမ်းရဲ့ ရည်ရွယ်ချက်ကတော့ တိရိစ္ဆာန်တွေ သတ်ဖြတ်ရတာကို လျော့ပါးစေဖို့နဲ့ အသားစား မွေးမြူရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတာကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်၊။ ဒီနည်းနဲ့ ထုတ်လုပ်ထားတဲ့ အသားတွေကို လောလောဆယ် အဆင့်မြင့် စားသောက်ဆိုင်တွေမှာပဲ ရောင်းချမှာပါ။

သတ်ဖြတ်ထားတဲ့ တိရိစ္ဆာန်တွေက ရရှိတဲ့ မဟုတ်တဲ့ ဒီ အသားတွေဟာ အပင်ပရိုတင်းတွေက ထုတ်တဲ့ အသားအစားထိုး ပစ္စည်း မဟုတ်ပါဘူး။ ဓာတ်ခွဲခန်းမှာ ဆဲလ်တွေကို မွေးမြူပြီး ထုတ်လုပ်တဲ့ အသားတွေ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ ဒီလိုနည်းပညာမျိုးသုံး ပြီး အသားထုတ်လုပ်ဖို့ စမ်းသပ်နေတဲ့ ကုမ္ပဏီပေါင်း ၁၅၀ ကျော် ရှိနေပြီး ကြက်သား တင်မဟုတ်ဘဲ ဝက်သား၊ သိုးသား၊ ငါးနဲ့ အမဲသားတွေကိုပါ ဆဲလ်တွေက တဆင့် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အကြီးမားဆုံး သက်ရောက်မှုရှိကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG