အာဖဂန်နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို လွဲှပြောင်းပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန်သမ္မတ Barack Obama နဲ့ အာဖဂန်သမ္မတ Hamid Karzai တို့ သဘောတူူညီချက်ရခဲ့ပါတယ်။ ဒါဟာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် လအနည်းငယ်စောနေတာဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ လေ့ကျင့်မှုတွေ၊ အကြံပေးတာတွေ နဲ့ အာဖဂန်တပ်ဖွဲ့တွေကို အကူအညီပေးတာတွေကို အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ Obamaက ပြောပါတယ်။ ဒါဟာ အမေရိကန်အတွက်တော့ သမိုင်းတွင်ကျန်ရစ်မယ့်ကာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အာဖဂန်ခေါင်းဆောင် Hamid Karzai နဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ပြီးသွားတဲ့အချိန်မှာ သမ္မတ Obamaက ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ အာဖဂန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၆ သောင်း ၆ ထောင် လောက်ရှိပြီး၊ တခြားနိုင်ငံတကာတပ်ဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံတကာတပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေကို လာမယ့် ၂၀၁၄ ခုနှစ်အကုန် မှာ အာဖဂန်တပ်တွေကို လွဲှပြောင်းပေးဖို့ ခန့်မှန်းထားပါတယ်။ အာဖဂန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်ပြီးတဲ့နောက် အမေရိကန်တပ်ဖွဲ့ဝင် အင်အားဘယ်လောက် ဆက်ပြီးထားသွားမယ်ဆိုတာကတော့ အခုချိန်ထိ အတိအကျမသိရသေးပါဘူး