သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကန် ကာကွယ်ရေးဝန်ကြီးတို့ Hawaii မှာတွေ့ဆုံ


အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ။
မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အပါအဝင် အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်း ဟိုနိုလူလူကို ရောက်ရှိနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့ဟာသဘာဝဘေးအန္တရယ် ကာကွယ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

"ကျွန်တော်တို့ လုပ်နိုင်စွမ်းတွေကို ပေါင်းစည်းယူနိုင်ဖို့ ဒီမှာကြိုးစားကြ မှာဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အနာဂတ်တင်မက၊ သမိုင်းကပါ ထပ်တူမျှဝေ ခံစားနိုင်တာတွေရှိနေလို့ဖြစ်တယ်။ တကယ်တော့ စွမ်းဆောင်မှုတွေကို ပူပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဓိက ပူပေါင်းလုပ်ကြမှာကတော့ လူသားချင်း စာနာမှု အထောက်အကူပေးရေးကိစ္စ၊ သဘာ၀ ဘေးအန္တရာယ်တွေ ကာကွယ်ရေးကိစ္စတွေမှာ ဒေသတွင်း နိုင်ငံတွေနဲ့ အရင်ကထက် ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်။"

ကာကွယ်ရေး ဝန်ကြီး Chuck Hagel က ပြောသွားခဲ့တာပါ။

ပုလဲဆိပ်ကမ်းမှာရှိတဲ့ ပစိတ်ဖိတ်ဒေသ ရေတပ်စခန်းဌာနချုပ်အပြင်၊ ဆူနာမီနဲ့ တိုင်ဖုန်းမုန်တိုင်းဒဏ်ကာကွယ်ရေး၊ ကြိုတင် သတိပေးချက်
ထုတ်ပြန်ဖို့ ပင်လယ်ရေ မျက်နှာပြင် အတက်အကျ စောင့်ကြည့်တဲ့ ဌာနတွေကိုလည်း အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ သွားရောက် လေ့လာပါတယ်။ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေကို အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ် ဖိတ်ကြားပြီး အခုလို အလွတ်သဘော တွေ့ဆုံနေတဲ့ အချိန်ဟာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။

အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသ ကို ပြန်လည်အာရုံစိုက်ရေး မူဝါဒသစ် အောက်မှာ စဖြစ်လာတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး Hagel ဟာ တရုတ်နဲ့ ဂျပန်နိုင်ငံတွေ အပါအဝင် အာရှ ပစိဖိတ်ဒေသကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG