သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်


အထူးစစ်သည်တော်များ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးအတွက် အဆောက်အဦးတစ်ခုကို ဝင်ရောက်စီးနင်းမှု လေ့ကျင့်ခန်းတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်းအနောက်ပိုင်းမှာ လေ့ကျင့်ကြစဉ်။ (စက်တင်ဘာ ၁၃၊ ၂၀၁၃)။
အထူးစစ်သည်တော်များ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးအတွက် အဆောက်အဦးတစ်ခုကို ဝင်ရောက်စီးနင်းမှု လေ့ကျင့်ခန်းတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗားကျွန်းအနောက်ပိုင်းမှာ လေ့ကျင့်ကြစဉ်။ (စက်တင်ဘာ ၁၃၊ ၂၀၁၃)။
အထူးတပ်ဖွဲ့ဝင်တွေက ဓားစာခံတွေကို ကယ်တင်တဲ့လေ့ကျင့်ရေးအပါအဝင် နိုင်ငံစုံပါဝင်တဲ့ စစ်ရေးလေ့ကျင်မှုတခုကို အင်ဒိုနီးရှားနိုင်ငံမှာ
လုပ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံက စစ်သားတွေနဲ့အတူ အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ Australia၊ နယူးဇီလန်နဲ့ ရုရှားနိုင်ငံတွေက စစ်သားစုစုပေါင်း ၈၇၂ ယောက်ပါဝင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၅ ရက်လုပ်ခဲ့ပါတယ်။

ဒေသတွင်း အကြမ်းဖက်မှု နှိမ်နှင်းတဲ့နေရာမှာ တူညီတဲ့ ဆောင်ရွက်ချက်တွေ လုပ်ငန်းစဉ်တွေလာဖို့နဲ့ အတွေ့အကြုံ ဖလှယ်ရေး၊ လုပ်နိုင်စွမ်း တိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲနဲ့ ပါဝင်ဆွေးနွေးတဲ့ မိတ်ဖက်နိုင်ငံများ ADMM+ ရဲ့ သတ်မှတ်ချက်တွေအတိုင်း ဂျကာတာမြို့တော်ရဲ့ တောင်ပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ခဲ့တာပါ။ Jemaah Islamiyah စစ်သွေးကြွအဖွဲ့ရဲ့ ၂၀၀၂ ခုနှစ် ဘာလီကျွန်းဗုံးခွဲမှု ခံခဲ့ရပြီးထဲက ကမ္ဘာမှာ မွတ်ဆလင်အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အစွန်းရောက် စစ်သွေးကြွတွေရဲ့ ရန်ကို ကြိုးစားနှိမ်နှင်းနေရတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG