သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာဆီယံသဘောတူညီချက်လိုက်နာဖို့ စစ်ကောင်စီဆန္ဒ မတွေ့ရ” အင်ဒိုနိုင်ငံခြားရေးဝန်ကြီး


US Cambodia Blinken
US Cambodia Blinken

[[[Zawgyi]]]

အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား သဘောတူညီမှုရရှိထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စစ်ကောင်စီဘက်က အမှန်တကယ် အကောင်အထည်ဖော်လိုတဲ့ဆန္ဒ မတွေ့ရဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မနေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီဘက်က ကတိတွေ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ကျင်းပနေချိန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi က ဗွီဒီယိုနဲ့ ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အဲဒီလို ပြောကြားလိုက်တာပါ။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအပြီး ထုတ်ပြန်မယ့် သဘောထား ကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်း ဖော်ပြဖို့ အာဆီယံဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပြီးဖြစ်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲ လုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သတိပေး ပြောကြားလိုက်ပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကိုစစ်ကောင်စီက ကွပ်မျက်လိုက်တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က အဲဒီလို သတိပေး ပြောကြားလိုက်တာဖြစ်ပြီး အဲဒီ ကွပ်မျက်မှုအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အင်မတန် စိတ်ပျက်ရကြောင်းလည်း သူက ပြောပါတယ်။

ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ အပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါ တက်ရောက်နေကြပေမယ့် မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ တက်ရောက်ခွင့် မရပါဘူး။

တိုက်ရိုက် လင့်ခ်

[[[Unicode]]]






XS
SM
MD
LG