သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသ နယ်မြေအငြင်းပွားမှု ကြီးထွားလာမှာ အမေရိကန် စိုးရိမ်


Divers dressed in penguin costumes perform with a school of fish as part of the New Year and winter vacation season's events at the Coex Aquarium in Seoul, South Korea.
Divers dressed in penguin costumes perform with a school of fish as part of the New Year and winter vacation season's events at the Coex Aquarium in Seoul, South Korea.
အာရှ-ပစိဖိတ် ဒေသက နယ်မြေပိုင်နက် အငြင်းပွားမှုတွေဟာ ပဋိပက္ခတွေကို ဦးတည်ပြီး ပျံ့နှံ့လာမှာ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကပြောပါတယ်။ သီတင်းတပတ်ကြာ ဒေသတွင်း ခရီးစဉ်အစ အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ကို တနင်္ဂနွေနေ့က ရောက်မလာခင်မှာပဲ ကာကွယ်ရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောလိုက်တာပါ။

အရှေ့တရုတ် ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေအရေးနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေကြသူ တရုတ်နိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲတွေလည်း တနင်္ဂနွေနေ့က တရုတ်နိုင်ငံ နေရာ အတော်များများမှာ ဆက်လက် ပေါ်ပေါက်နေပါတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ရှင် တယောက်ထံကနေ ကျွန်းစုကို ဝယ်ယူလိုက်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာပါ။
တရုတ်နိုင်ငံက Diaoyu လို့ခေါ်ပြီး ဂျပန်နိုင်ငံက Senkaku လို့ခေါ်တဲ့ လူသူမနေတဲ့ ကျွန်းတွေရှိရာ ရေပြင်ကို မကြာသေးခင်ကပဲ တရုတ်နိုင်ငံက ထောက်လှမ်းရေးသင်္ဘော ၆ စင်း စေလွှတ်လိုက်ပြီးနောက် တင်းမာမှုတွေလည်း ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးကတော့ တဘက်နဲ့တဘက် ရန်စတဲ့ အပြုအမူမျိုးတွေကို ရှောင်ကျဉ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ ပြဿနာနဲ့ ပတ်သက်လို့လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းသွားမယ်လို့လည်း ဝန်ကြီး Panetta ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG