သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီယား နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည် တီထွင်မှု ၂၀၁၈ မှာ အောင်မြင်နိုင်


မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား ထိပ်းဖူးတပ် ပစ်လွှတ်နိုင်မယ့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို နောက်နှစ် အစောပိုင်းမှာ ထုတ်လုပ်နိုင်တော့မယ်လို့ အမေရိကန် စစ်ဘက်ထောက်လှမ်းရေး အရာရှိတွေက CBS သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

အမေရိကန်စစ်ထောက်လှမ်းရေး အေဂျင်စီ DIA က အစိုးရဆီ တင်သွင်းတဲ့ ကန့်သတ်အစီရင်ခံစာတစောင်ကို ကိုးကားပြီး The Washington Post သတင်းစာမှာ ဒီသတင်းကို ဦးစွာ ဖော်ပြခဲ့တာပါ။

အခုခန့်မှန်းချက်အတိုင်းဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jung Un အနေနဲ့ အမေရိကန်ပြည်ထောင်စုအရောက် ပစ်လွတ်နိုင်မယ့် ဒုံးကျည်ကို ရရှိဖို့ ကြိုတင်ခန့်မှန်းထားတဲ့အချိန်ထက် ၂ နှစ် ပိုစောနေပါတယ်။ ကနဦးက မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်ကို ၂၀၂၀ ခုနှစ်မှာ တီထွင်နိုင်လိမ့်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ခန့်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ICBM ခေါ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပေါ် တောင်ကိုရီးယားက သံသယရှိခဲ့ပေမယ့် ဒီ ဒုံးကျည်မျိုးဟာ Alaska ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်း နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်ရှိနိုင်တယ်လို့ ယူဆရပါတယ်။

အမေရိကန်အမျိုးသားထောက်လှမ်းရေး အရာရှိတဦးက မြောက်ကိုရီးယားရဲ့ ဒီ ဒုံးကျည် စမ်းသပ်အောင်မြင်မှုဟာ Kim Jung Un ရဲ့ ခြိမ်းချောက်မှုကို ခန့်မှန်းတိုင်းတာရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

အခုအခါ ဆက်လက် စောင့်ကြည့်ရမှာကတော့ မြောက်ကိုရီးယားဟာ ဒီ တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်လောက်အောင် သေးငယ်တဲ့ နျူကလီးယားထိပ်ဖူးကို တီထွင်နိုင်စွမ်းနဲ့ ဒီဒုံးကျည်ဟာ ကမ္ဘာ့လေထုထဲ ပြန်ဝင်လာတဲ့အခါမှာ နျူကလီးယားထိပ်ဖူး မပေါက်ကွဲဘဲ ပြန်ဝင်လာနိုင်စွမ်း ရှိအောင် ဘယ်တော့ ပြုလုပ်နိုင်မလဲဆိုတာပဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG