သုံးရလွယ်ကူစေသည့် Link များ

ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဖို့ တပ်မတော်ရဲ့ ထောက်ခံမှု လိုကြောင်း ကန်လက်ထောက်ဝန်ကြီး ပြော


မြန်မာ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ် FB)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့လူ့ အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာအစိုးရဒု-သမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် အစိုးရထိပ်တန်း တာဝန်ရှိသူတွေ နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။
ဒုတိယသမ္မတဦးဉာဏ်ထွန်းနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ (သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)
ဒုတိယသမ္မတဦးဉာဏ်ထွန်းနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ (သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)


မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ် အတွင်း တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရှေ့ကို တက်လှမ်းနိုင်ဖို့ အတွက် မြန်မာ့ တပ်မတော်ရဲ့ ထင်သာမြင်သာရှိတဲ့ ထောက်ခံမှုမျိုး အမေရိကန်ပြည်ထောင်စု ဘက်က မြင်တွေ့လိုတယ်ဆိုတာကို ပြောခဲ့ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall က ပြောပါတယ်။ အဲဒီထဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ ၊ လူ့အခွင့်အရေးကိုလေးစားဖို့ နဲ့ အရပ်ဖက်အုပ်ချုပ်မှုကို ခွင့်ပြုဖို့ တွေလည်းပါဝင်တယ်လို့ သူမက ပြောပါတယ်။
မြန်မာ့ကာကွယ်ရေးဦးစီးချုပ်နဲ့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ ( သတင်းဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် FB)
မြန်မာ့ကာကွယ်ရေးဦးစီးချုပ်နဲ့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ။ ( သတင်းဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် FB)


ငြိမ်းချမ်းရေး နဲ့ ကလေးစစ်သားကိစ္စတွေ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောကြားချက်တွေ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကတော့ ရခိုင်လူမှုအသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေ နဲ့ရော မွတ်စလင်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ပါ အမေရိကန် သံရုံးမှာတွေ့ဆုံခဲ့ပါတယ်။

မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း သူမဟာ လူထုအခြေပြုလူမှု အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ လူမျိုးစုအချင်းချင်းကြား အကြမ်းဖက်မှုတွေ အပြင် ကလေးစစ်သား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG