သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေချုပ် Eri Holder ရာထူးမှ နုတ်ထွက်မည်


 အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာန အကြီးအကဲ ရာထူးကနှုတ်ထွက်စာ အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် လက်ခံ။ (စက်တင်ဘာ ၂၅၊ ၂၀၁၄)။
အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာန အကြီးအကဲ ရာထူးကနှုတ်ထွက်စာ အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် လက်ခံ။ (စက်တင်ဘာ ၂၅၊ ၂၀၁၄)။

အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာနအကြီးအကဲအဖြစ် ၆ နှစ်တာဝန် ထမ်းဆောင်ပြီးတဲ့နောက် ဗဟိုအစိုးရရှေ့နေချုပ် Eric Holder ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

၆ နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် သူအခုလို ရာထူးက အနားယူမယ့် တောင်းဆိုလွှာကို လက်ခံလိုက်ရတာဟာ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရာတွေနဲ့ ရောယှက်နေတဲ့ အခါသမယဖြစ်တယ်လို့ သမ္မတ Barack Obama က ပြောပါတယ်။

သူလုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်ပစ်လိုက်မှာမဟုတ်ပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု စတင် တည်ထောင်စဉ်က ရှိခဲ့တဲ့ စိတ်ကူးနဲ့ စံတွေ ပိုပြီး ပီပီပြင်ပြင်ဖြစ်လာအောင် တိုင်းပြည်အတွက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားနဲ့အတူ အိမ်ဖြူတော်မှာ သူရာထူးက နှုတ်ထွက်ကြောင်း ပြောကြားစဉ် Eric Holder က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရာထူးက အနားယူပြီးရင် သူ့အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ် ရုတ်တရက် မရှိသေးပါဘူး။ ဒါပေမယ့် သူ့နေရာကို အစားထိုးမယ့်သူ ရောက်မလာမချင်း လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

Eric Holder ဟာ မထမဆုံး လူမဲ ဗဟိုအစိုးရ ရှေ့နေချုပ်ဖြစ်ပြီး သမ္မတ အိုဘားမား သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ ၂၀၀၉ ခုနှစ်ကစလို့ ဒီရာထူးကို ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG