သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေ လွတ်လပ်ရေး အမေရိကန်တသားတည်းရပ်တည်


လွတ်လပ်ရေးနေ့မနက်မှာတွေ့ရတဲ့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဇန်နဝါရီ ၄၊ ၂၀၂၄)
လွတ်လပ်ရေးနေ့မနက်မှာတွေ့ရတဲ့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဇန်နဝါရီ ၄၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်ခွင့်ရှိမယ့် လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေထဲပါခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေးသာယာဝပြောမှုတွေကို ခံစားနိုင်ကြဖို့ ကြိုးပမ်းမှုတွေမှာ အမေရိကန်က မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်ရေးကို ထောက်ခံအားပေးနေကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ မတရား ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးပါလို့ အမေရိကန်က တောင်းဆိုပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

Australia နိုင်ငံကလည်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေအပေါ် ဆက်လက်ထောက်ခံနေတယ်လို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပေမဲ့၊ ဒီနေ့အထိ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆက်လက်ကြိုးပမ်းနေကြရဆဲ ဖြစ်တယ်လို့ Australia နိုင်ငံရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG