သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas မီးပုံးပျံမီးလောင် ၁၆ ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက Texas ပြည်နယ်မှာ စနေနေ့မနက် အစောပိုင်းက မီးပုံးပျံ ပျက်ကျသွားတဲ့အတွက် မီးပုံးပျံပေါ် ပါသွားတဲ့ ၁၆ ဦးစလုံး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မီးပုံးပျံဟာ ပျံသန်းနေစဉ်အတွင်း မီးလောင်သွားတဲ့အတွက် စားကျက်မြေပေါ်ကို ပျက်ကျသွားခဲ့တာလို့ FAA ဗဟိုအစိုးရ လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

သေဆုံးသွားသူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို FAA က စုံစမ်း စစ်ဆေးနေပြီး NTSB အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေလည်း အခင်းဖြစ်ပွားတဲ့ နေရာကို သွားနေကြပြီလို့ ဆိုပါတယ်။

ပျက်ကျမှုကြောင့် လူအများအပြား သေဆုံးသွားတယ်ဆိုတာကို NTSB ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။

ပျက်ကျတဲ့နေရာဟာ Texas ပြည်နယ်မြို့တော် Austin မြို့နဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ လယ်ကွင်းတွေရှိတဲ့အရပ်မှာ ဖြစ်ပါတယ်။

Texas ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကလည်း မီးပုံးပျံ ပျက်ကျတယ်ဆိုတာကို အတည်ပြု ပြောကြားလိုက်ပြီး သေဆုံးသွားသူတွေအတွက် ဝိုင်းပြီး ဆုတောင်းပေးကြဖို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေကို မေတ္တရပ်ခံလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG