သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore ပုံမှန်အခြေအနေ ပြန်ရောက်ရှိ


ဘောလ်တီမိုးလ်မြို့။
ဘောလ်တီမိုးလ်မြို့။

အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို.မှာ အကြမ်းဖက်ဆူပူဖျက်ဆီးမှုတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ ပုံမှန်အခြေအနေ ပြန်ထိန်းနိုင်ကာ ကျောင်းတွေပြန်ဖွင့်ပြီး၊ လမ်းမတချို.မှာ ကာတွေနဲ့ ပြန်ပြည့်နေပါပြီ။ ဘော်လ်တီမိုးမြို. ရဲမှုးကြီးက မနေ့ညက ညမထွက်ရအမိန့် Curfew ထုတ်ခဲ့အပြီး၊ အခြေအနေ ပြန်တည်ငြိမ်သွားပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ရဲမင်းကြီး Anthony Betts က ဒီ ညမထွက်ရအမိန့်က တကယ်အလုပ်ဖြစ်ခဲ့တယ်၊ အဓိကရလိုက်တာကတော့ မြို.သူမြို.သားတွေအနေနဲ့ ပြန်လုံခြုံမှုပြန်ရှိလာတာကို ခံစားနိုင်ခဲ့တယ်၊ မြို.တခုလုံးလဲ ပြန်တည်ငြိမ်လာတယ်၊ ဒီအတိုင်း ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တကယ်တော့ မနေ့ညက ညမထွက်ရအမိန့်ထုတ်ခဲ့အပြီးမှာ ရဲတွေနဲ့ ပြည်တွင်း ကာကွယ်ရေးအရန်တပ်တွေပေါင်းပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ရာမှာ နောက်ဆုံး လူ ၁၀ ဦးကို ဖမ်းခံခဲ့ရပြီး လူစုကွဲသွားခဲ့ပါတယ်။

အစပိုင်းမှာတော့ ဆန္ဒပြသူတွေဘက်က ဒီ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး ဆက်ဆန္ဒပြခဲ့ရာမှာ လုံခြုံရေးတပ်တွေကို ရေဗူးတွေနဲ့ ပစ်ပေါက်တာ၊ အော်ဟစ် ဆဲဆိုတာတွေ လုပ်ခဲ့ကြပေမဲ့၊ နောက်ဆုံး ညမထွက်ရအမိန့် စတဲ့ ည ၁၀ နာရီနောက်ပိုင်း တနာရီအတွင်းမှာ ခုလို လူစုခွဲသွားကြတာပါ။

ပြီးခဲ့တဲ့ ၂ ရက် ထဲမှာတော့ ဆူပူအကြမ်းဖက်ဖျက်ဆီး လုယက် တာတွေ ပြင်းပြင်း ထန်ထန်ဖြစ်ခဲ့တာမို့ ဒီနေ့ ပုံမှန်ပြန်ဖြစ်လာတဲ့ မြင်ကွင်းနဲ့လုံးဝ ကွာခြားသွားပါပြီ။

အဲ့ဒီတုံးကတော့ ဆန္ဒပြသူတွေအနေနဲ့ ဆင်းရဲပြီးအလုပ်အကိုင်မရဖြစ်နေတာကို မကျေနပ်တာနဲ့ ရဲတွေရဲ့လုပ်ရပ်အပေါ် မကျေနပ်တာတွေပေါင်းပြီး ဆန္ဒပြမှုတွေကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ အကြမ်းဖက် လုယက်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

တကယ်တော့ အသက် ၂၅ နှစ်အရွယ် လူမဲလူငယ် Freddie Gray အနေနဲ့ ရဲတွေရဲ့ အဖမ်းခံရစဉ် ပြင်းထန်တဲ့ နောက်ကျောရိုးဒဏ်ရာရခဲ့ပြီး ထိန်းသိမ်း ထားစဉ်သေဆုံးခဲ့ရတဲ့ အပေါ် ရဲတွေဘက်က ရှင်းလင်းချက် မပေးနိုင်ခဲ့တာကြောင့် ရဲတွေအပေါ် မကျေမနပ်ဖြစ်ပြီး ဒီ ဆန္ဒပြပွဲတွေ စလာခဲ့တာပါ။

XS
SM
MD
LG