သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ အမေရိကန်နဲ့အတူ ဘင်္ဂလားဒေ့ရှ်ပူးပေါင်းလို


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerryနဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina တို့တွေ့ဆုံစဉ်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerryနဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina တို့တွေ့ဆုံစဉ်

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina က အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အမေရိကန် ပြည်ထောင်စုနဲ့ သိပ်ကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောဆိုပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်တို့ အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထောက်လှမ်းရေးနဲ့ တရားဥပဒေ စိုမိုးရေး အတူတကွ လုပ်ဆောင်မှုတွေကို နောက်ထပ် အဆင့်မြှင့်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ကြေညာခဲ့တာပါ။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့နဲ့ ကမ္ဘာတဝန်းက အဖွဲ့အစည်း ၈ ခုတို့ ချိတ်ဆက်မှု ရှိပြီး အဲဒီအဖွဲ့အစည်း ၈ ခုထဲက တခုဟာ တောင်အာရှမှာ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ ဒါကာမြို့တော်မှာ မိန့်ခွန်းပြောကြား အပြီး ဗွီအိုအေ သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းက အစွန်းရောက်ဝါဒီတွေနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက တချို့ အဖွဲ့တွေကြား အဆက်အစပ် ရှိနေပြီး ဒီပြောဆိုချက် အပေါ်မှာလည်း ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် အပါအဝင် သူတွေ့ခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေဘက်က မငြင်းကြဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ထပ်လောင်း ပြောပါတယ်။ ဒီလို ချိတ်ဆက်မှုတွေကို ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ အစိုးရက လစ်လျူရှုထားပြီး တိုက်ခိုက်ခံရမှုတွေကို ပြည်တွင်းက လူတွေရဲ့ လက်ချက်ဆိုပြီး အကြိမ်ကြိမ်သုံးနှုန်း ပြောဆိုနေတဲ့ အပေါ်မှာလည်း ဒေသတွင်းနဲ့ အကြမ်းဖက်ရေးရာ သုံးသပ်သူတွေက ဝေဖန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG