သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်အရေး အမေရိကန် အရာရှိ ဆွေးနွေးမည်

ရိုဟင်ဂျာ ဒုက္ခသည်အရေး အမေရိကန် အရာရှိ ဆွေးနွေးမည်
ရိုဟင်ဂျာ ဒုက္ခသည်အရေး အမေရိကန် အရာရှိ ဆွေးနွေးမည်

အမေရိကန် ပြည်ထောင်စုက လူဦးရေ၊ ဒုက္ခသည်နဲ့ အခြေချနေထိုင်ရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဆွေးနွေးဖို့ ဒါကာမြို့တော်ကို သွားလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ရှိနေတဲ့ စာရင်းရှိရော စာရင်းမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး၊ အကူအညီ ပေးရေးတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့တွေနဲ့ မစ္စတာရွှာ့ဇ် တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ပြဿနာအပေါ် အမေရိကန်က အထူးစိုးရိမ်ပြီး ပြဿနာအတွက် အားလုံးပြည့်စုံတဲ့ အဖြေရနိုင်ဖို့ ဒေသတွင်းက အစိုးရတွေနဲ့ ဆွေးနွေးနေပါတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့က်စ် ဘဇား (Cox Bazar) မှာရှိတဲ့ အစိုးရ ဖွင့်ထားပေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၂၉,၀၀၀ ကျော် ရှိပါတယ်။

အနားမှာရှိတဲ့ တရားမဝင် စခန်းတွေမှာလည်း လက်မှတ်မရှိဘဲ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်က သောင်းပေါင်းများစွာ ရှိပါတယ်။

စခန်းတွေရဲ့ အပြင်က မြို့တွေ၊ ရွာတွေမှာ တရားမဝင် နေထိုင်နေကြတဲ့ ရိုဟင်ဂျာပေါင်း ၂၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကြား ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

This item is part of
XS
SM
MD
LG