သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးအတွက် အမေရိကန် အထက်လွှတ်တော် ကြားနာစစ်ဆေး


အမေရိကန် ဗဟိုဘဏ်အကြီးအကဲအဖြစ် အဆိုပြုခံထားရသူ Janet Yellen
အမေရိကန် ဗဟိုဘဏ်အကြီးအကဲအဖြစ် အဆိုပြုခံထားရသူ Janet Yellen
၂၀၀၈ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်းနောက်ပိုင်း အမေရိကန် စီးပွားရေးဟာ သိသိသာသာ ပိုပြီးခိုင်မာလာတယ်လို့ အမေရိကန် ဗဟိုဘဏ် အကြီးအကဲအဖြစ် အဆိုပြုခံထားရသူ Janet Yellen ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်စီးပွားရေးဟာ ဗဟိုဘဏ်ရဲ့ ပံ့ပိုးမှုလိုအပ်နေဆဲပါဘဲလို့ ဆိုပါတယ်။

ဗဟိုဘဏ်အကြီးအကဲအဖြစ် အမည်စာရင်းတင်သွင်းမှုအတည်ပြုနိုင်ရေး အထက်လွှတ်တော်ဘဏ်လုပ်ငန်းကော်မတီရဲ့ ကြာသပတေးနေ့ က ကြားနာပွဲမှာ Janet Yellen ကထွက်ဆိုလိုက်တာပါ။ ဗဟိုဘဏ်က အမေရိကန်စီးပွားရေးကို အကြီးအကျယ် ပံ့ပိုး နေတဲ့မူဝါဒကို Janet Yellen က အရင်က ထောက်ခံခဲ့တဲ့အတွက် အထက်လွှတ်တော် Republican တွေကဝေဖန်နေကြတာဖြစ်ပါတယ်။

တကယ်လို့ အထက် လွှတ်တော်ကအတည်ပြုခဲ့ရင် ရာစုနှစ်နဲ့ချီသက်တမ်းရှိတဲ့ ဗဟိုဘဏ်ရဲ့ ပထမဆုံးအမျိုးသမီးအကြီးအကဲဖြစ်လာပြီး လာမယ့်ဇန်နဝါရီလ မှာတာဝန်ပြီးဆုံးတော့မယ့် ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke ရဲ့နေရာမှာအစားထိုးတာဝန်ယူရမှာဖြစ်ပါတယ်။

အနှစ် ၇၀ အတွင်း နိုင်ငံ့စီးပွားရေးအကျဆင်းဆုံးအခြေအနေကနေ အမေရိကန်စီးပွားရေးပြန်လည်ဦးမော့လာခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှာ အလုပ်အကိုင်အသစ် ၇.၈ သန်းဖန်တီးနိုင်ခဲ့ကြောင်း၊ အိမ်ခြံမြေနဲ့ ကားဈေးကွက်လည်း ပြန်လည်ရှင်သန်လာခဲ့ကြောင်း Janet Yellen က ထွက်ဆိုလိုက်ပါတယ်။ သမ္မတ Obama က အသက် ၆၇ နှစ်အရွယ် Janet Yellen ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အောက်တိုဘာလတုံးက အဆိုပြုခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG