သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ မွေးဖွားနှုန်း ကျဆင်း


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဆေးရုံမြင်ကွင်း။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဆေးရုံမြင်ကွင်း။

အမေရိကန်ပြည်ထောင်စုမှာ ကလေးမွေးဖွားနှုန်းဟာ နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံး အခြေနေရောက်နေပြီလို့ အမေရိကန် ဆေးဘက် ဆိုင်ရာ သုတေသနတရပ်မှာ တွေ့ရပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာဗဟိုဌာန CDCP ရဲ့ စစ်တမ်းတွေအရ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ နဲ့ ၃၀ ကြားအမျိုးသမီးတွေကြား ကလေးမွေးဖွားနှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။

၂၀၁၇ ထဲမှာ ကလေးမွေးဖွားမှု ၃. ၈ သန်းပဲ ရှိခဲ့တာကြောင့် ၂၀၁၆ နဲ့ယှဉ်ရင် ၉၂၀၀၀ လောက်ကို လျော့နဲသွားတာမို့၁၉၈၇ ခုနှစ်က စပြီး အနဲဆုံး ဖြစ်နေပါတယ်။

အခုလို ကျဆင်းရတဲ့ အကြောင်းရင်းတွေထဲက ဖြစ်နိုင်တာ တခုကတော့ သားသမီးများများယူတဲ့ နှစ်တွေမှာ မွေးဖွားကြီးပြင်းလာရသူတွေ ဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင် သားသမီးနည်းနည်းပဲ ယူဖို့ဆုံးဖြတ်တာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။

နောက်တချက်ကတော့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပုံစံတွေ ပြောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုထဲကို ရွှေ့ပြောင်းလာသူတွေ ထဲမှာ အာရှတိုက်သားတွေ များလာနေပြီး သူတို့ဟာ တခြားရွှေ့ပြောင်း အခြေချအုပ်စုတွေထက် သားသမီး နဲနဲပဲ ယူလေ့ရှိတာကြောင့်လို့ ပြောပါတယ်။

နောက်တချက်ကတော့ အမေရိကန်နိုင်ငံသား အများစုဟာ စီးပွါးရေးကျဆင်းတဲ့ ဒဏ်ခံခဲ့ရပြီးတဲ့ နောက်မှာ မရေရာတဲ့ စီးပွါးရေးအခြေနေကြောင့် သားသမီးယူဖို့ စိတ်သိပ်မရှိတာ ဖြစ်နိုင်တယ်လို့ LiveScience သိပ္ပံစာစောင်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG