အမေရိကန်အရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း စတင်ကျရောက်နေပြီဖြစ်တာကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ ကွန်နက်တီကပ်ပြည်နယ် နဲ့ မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက လမ်းပေါ်ကို လုံးဝမထွက်ဖို့ တားမြစ်ထားပါတယ်။
မက်ဆားချူးဆက်ပြည်နယ်မှာတော့ မလိုက်နာတဲ့သူတွေဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ် ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်လိုက်ပါတယ်။ ဘော့ စတန်မြို့နဲ့ နယူးယောက်မြို့တွေမှာတော့ ရထားတွေ ပေးမထွက်ပါဘူး။
Maine ပြည်နယ်ကနေ New York ပြည်နယ်အထိ သောကြာနေ့ညပိုင်းကစပြီး စနေနေ့ နေ့လည် အထိ နှင်းမုန်တိုင်းကျရောက်မှာဖြစ်တယ်လို့ အမျိုးသား မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေး ချက်ထုတ်ပြန်ထားပါတယ်။ ခရီးသွားလာဖို့ မဖြစ်နိုင်တဲ့အနေအထားမဟုတ်ရင်တောင်မှ ခရီးသွား လာဖို့အတွက် အလွန်ကို အန္တရာယ်များတယ်လို့ ပြောပါတယ်။
နှင်းမုန်တိုင်းရဲ့ အဆိုးဆုံးအချိန်မှာ အပူချိန်ဟာ ရေခဲမှတ်အောက်ကျရောက်ပြီး ဘာကိုမှလည်း မြင်နိုင် မယ့်အနေအထားမရှိသလို လေတိုက်နှုန်းဟာလည်း ၁ နာရီကို မိုင် ၇၀ လောက်အထိ ဖြစ်လာနိုင် တာကြောင့် လူတွေသေစေလောက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တချို့နေရာတွေမှာတော့ ဆီးနှင်းထုဟာ ၂၄ လက်မလောက်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါ တယ်ခင်ဗျာ။