သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အမေရိကန်အကြီးဆုံးဗုံး ကြဲချ


Afghanistan နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသကို အမေရိကန်အကြီးဆုံးဗုံး ကြဲချ

Afghanistan နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ဗုံးခိုကျင်းဝင်း ကြီးကို ကြာသပတေးနေ့က အမေရိကန် စစ်လေယာဉ် တစင်းက အလေးချိန် ကီလိုဂရမ် တသောင်းရှိတဲ့ အကြီးဆုံး ဗုံးတလုံးကြဲချခဲ့ပါတယ်။ ဒါဟာ ပစ်ဖူးသမျှတွေထဲမှာ အကြီးမားဆုံး ဗုံးတလုံးဖြစ်ပြီး "the mother of all bombs" လို့သိကြ ပါတယ်။

Nangarhar ခရိုင်မှာ ကြဲချခဲ့တဲ့ ဒီဗုံးဒဏ်ကြောင့် သေဆုံးထိခိုက်မှု အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတဲ့ အသေးစိတ် အချက်လက် တွေကိုတော့ မသိရသေးပါဘူး။ MOAB ဗုံးလို့ ခေါ်တဲ့ ကြီးမားလှတဲ့ ပေါက်ကွဲစေတဲ့ လက်နက်ကို တီထွင်ထားတဲ့ ဆယ်နှစ်ကျော် နေပြီဖြစ် ပေမယ့် တခါမှ မသုံးဘူးသေးပါဘူး။ အခုလို ဗုံးကြဲချမယ့် အစီအစဉ်ကို သူတို့ကို ကြိုတင်ပြီး ပြောမထားဘူးလို့ Nangarhar ခရိုင် အုပ်ချုပ်ရေးမှုး Attaullah Khoghyani က VOA ကို ပြောပါတယ်။

အမေရိကန် သမ္မတ Donald Trump ကတော့ အခုလို အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်မှုဟာ သူ့ရဲ့ အတည်ပြုချက် အပြည့်ရှိတယ်လို့ အရိပ်လက္ခဏာ ပြသပါတယ်။ အခုလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မဖြေကြားပေမယ့် ဒါဟာ မကြာခင်မှာပဲ နောက်ထပ် နျူကလီယား လက်နက်တွေ ထပ်ပြီး စမ်းသပ်မယ်လို့ ပြောနေကြတဲ့ မြောက်ကိုရီးယားကို သတင်းစကား ပါးဖို့ ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ ပြဿနာ တခု ဖြစ်နေပြီး ဒီပြဿနာကို ရှင်းရမယ်လို့လည်း ကြာသပတေးနေ့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ GBU-43 ဗုံးကို ပါကစ္စတန် နယ်စပ်နားက Nangarhar ခရိုင် Achin ဒေသက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ လှိုင်ခေါင်းဝင်းကို ကြဲချခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါဟာ တန်ချိန် ၁၁ တန်ရှိတဲ့ ဗုံးကို တိုက်ပွဲမှာ ပထမဆုံး သုံးခဲ့တာလို့ ပင်တာဂွန် ပြောခွင့်ရ Adam Stump ကပြောပါတယ်။

အာဖဂန်မှာ အမေရိကန်အကြီးဆုံးဗုံး ကြဲချ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG