သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသင်္ကာဖွယ်ရာ ပါဆယ်ဗုံးတွေ ထပ်မံတွေ့ရှိ


စာအိတ်ထဲမှာ ထည့်ထားသော လက်လုပ်ဗုံး

ဒီမိုကရက်အထက်လွှတ်တော်အမတ် Cory Booker ဆီကို ပို့လိုက်တဲ့ ၁၁ ခုမြောက် သံသယဖြစ်ဖွယ် စာအိတ်ကို တွေ့ရှိပြီဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရိုက FBI က ပြောကြားလိုက်ပါတယ်။

ဒီမိုကရက်အထက်လွှတ်တော်အမတ် Cory Booker ဆီကို ပို့လိုက်တဲ့ ၁၁ ခုမြောက် သံသယဖြစ်ဖွယ် စာအိတ်ကို တွေ့ရှိပြီဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရိုက FBI က ပြောကြားလိုက်ပါတယ်။

ဒီစာအိတ်အထုပ်ဟာ သမ္မတဟောင်း ဘရက်ခ်အိုဘားမား အပါအဝင် တခြားနာမည်ကြီး ဒီမိုကရက်ခေါင်းဆောင်တွေ နဲ့ သမ္မတထရမ့်ကို ဝေဖန်သူတွေဆီကို ပို့တဲ့ ပိုက်နဲ့လုပ်တဲ့ ဗုံးအမျိုးအစားနဲ့ ဆင်တူတယ်လို့ FBI က ပြောပါတယ်။ ဒီစာအိတ်အထုပ်ကို ဖလော်ရီဒါမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အမေရိကန်တရားရေးအဖွဲ့အစည်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ ဒါရိုက်တာ James Clapper ကို ပစ်မှတ်ထားတဲ့ ၁၂ ခုမြောက် စာအိတ်အထုပ်ကိုလည်း သောကြာနေ့က တွေ့ရှိခဲ့တယ်လို့ CNN နဲ့ တခြား သတင်းမီဒီယာတွေက ပြောပါတယ်။

မစ္စတာ Clapper ကတော့ သူ့အနေနဲ့ အခုလို ပစ်မှတ်ထားခံရတဲ့အပေါ်မှာ မအံ့သြကြောင်း နဲ့ ဒီဖြစ်ရပ်တွေက စိုးရိမ်စရာကောင်းတယ်လို့ CNN သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

ပိုက်လုံးနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးတွေထဲက အနည်းဆုံး တခုကို ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ စာတိုက်တခုကနေ ပေးပို့ခဲ့တာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီစာတိုက်ကို ကြာသပတေးနေ့ညက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

မသင်္ကာဖွယ်ရာ ပါဆယ်ဗုံးတွေ ထပ်မံတွေ့ရှိ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG