သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင္႔ နယ္စပ္ျဖတ္ ခရီးသြားလာခြင္ ကန္ တလ ပိတ္ပင္


အေမရိကန္- မကၠဆီကို နယ္စပ္ တေနရာ

[ Zawgyi ]

ကိုဗစ္ကူးစက္မႈ အႏၲရာယ္ကို တားဆီးႏိုင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုနဲ႔ နယ္နမိတ္ခ်င္း ထိစပ္ေနတဲ့ ေျမာက္ပိုင္း ကေနဒါနယ္စပ္နဲ႔ ေတာင္ပိုင္း မကၠဆီကို နယ္စပ္ေတြကတဆင့္ ၊ အေရးတႀကီး မလိုအပ္ပဲ ခရီးသြားလာခြင့္ကို တလတိတိ ပိတ္ပင္ထားမွာျဖစ္ေၾကာင္း အမိေျမလုံျခဳံေရးဝန္ႀကီးဌာန DHS က ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။ ဇူလိုင္လ (၂၁)ရက္ကေန ၾသဂုတ္လ (၂၁)ရက္ေန႔အထိ တားျမစ္ထားတာ ျဖစ္တယ္လို႔ ေဖၚျပထားတာပါ။

ကိုဗစ္ေၾကာင့္ ကေနဒါႏိုင္ငံက တႏွစ္ခဲြနီးပါးၾကာ ခရီးသြားလာခြင့္ တားျမစ္ထားတာကို ျပန္႐ုပ္သိမ္းၿပီး ၊ ကိုဗစ္ကာကြယ္ေဆး အျပည့္အဝ ထိုးထားတဲ့ အေမရိကန္ႏိုင္ငံသားေတြ ၾသဂုတ္လ(၉)ရက္ေန႔ကစလို႔ အလည္အပတ္ လာေရာက္ႏိုင္ၿပီလို႔ တနလၤာေန႔က ေၾကညာခဲ့ၿပီးေနာက္မွာ ၊ အေမရိကန္က အခုလို နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားလာခြင့္ကို ထပ္တိုး ပိတ္ပင္ လိုက္တာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း အေမရိကန္နဲ႔ ကေနဒါ ၊ မကၠဆီကို တာဝန္ရွိသူေတြဟာ စဥ္ဆက္မျပတ္ ဆက္သြယ္ေနၾကၿပီး ၊ အေျခအေန တိုးတက္ ေကာင္းမြန္ လာတာနဲ႔အမွ် ၊ ေရရွည္ ေဘးကင္းလုံျခဳ႔ဖို႔ကို ထည့္စဥ္းစားရင္း တားျမစ္ကန္႔သတ္ခ်က္ေတြကို ျပန္လည္ ေျဖေလ်ာ့သြားမယ္လို႔ DHS ဝန္ႀကီးဌာနက ဆိုပါတယ္။

အေမရိကန္နဲ႔ ကေနဒါ စီးပြားေရး လုပ္ငန္းရွင္ေတြကေတာ့ ၂၀၂၀ မတ္လကတည္းက ႏွစ္ႏိုင္ငံၾကား ခရီးသြားလာခြင့္ တားျမစ္ထားတာကို တစိတ္တပိုင္း ျပန္ဖြင့္ေပးဖို႔ တိုက္တြန္းေနၾကပါတယ္။ ကိုဗစ္ ရွိမရွိေဆးစစ္ၿပီး ပိုးမရွိတဲ့ ကေနဒါႏိုင္ငံသားေတြ အေမရိကန္ႏိုင္ငံထဲကို ေလေၾကာင္းကတဆင့္ လာေရာက္ႏိုင္တယ္လို႔ ခြင့္ျပဳထားေပမယ့္ ၊ ကေနဒါကေတာ့ အေမရိကန္ႏိုင္ငံသားေတြကို အဲဒီလို ခြင့္ မျပဳထားပါဘူး။

အေမရိကန္နဲ႔ ကေနဒါ၊ မကၠဆီကို ၊ ၿဗိတိန္ ၊ အီးယူႏိုင္ငံေတြၾကား ခရီးသြားလာခြင့္ တားျမစ္ထားတာကို တျဖည္းျဖည္းခ်င္း ျပန္႐ုပ္သိမ္သြားႏိုင္ေရး ေလ့လာဖို႔အတြက္ ႏွစ္ႏိုင္ငံခ်င္း ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ေတြကို ၿပီးခဲ့တဲ့လထဲမွာ သမၼတ ဘိုင္ဒန္အစိုးရက စတင္ဖဲြ႕စည္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ကိုဗစ်ကြောင့် နယ်စပ်ဖြတ် ခရီးသွားလာခွင် ကန် တလ ပိတ်ပင်

ကိုဗစ်ကူးစက်မှု အန္တရာယ်ကို တားဆီးနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ မြောက်ပိုင်း ကနေဒါနယ်စပ်နဲ့ တောင်ပိုင်း မက္ကဆီကို နယ်စပ်တွေကတဆင့် ၊ အရေးတကြီး မလိုအပ်ပဲ ခရီးသွားလာခွင့်ကို တလတိတိ ပိတ်ပင်ထားမှာဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဇူလိုင်လ (၂၁)ရက်ကနေ သြဂုတ်လ (၂၁)ရက်နေ့အထိ တားမြစ်ထားတာ ဖြစ်တယ်လို့ ဖေါ်ပြထားတာပါ။

ကိုဗစ်ကြောင့် ကနေဒါနိုင်ငံက တနှစ်ခွဲနီးပါးကြာ ခရီးသွားလာခွင့် တားမြစ်ထားတာကို ပြန်ရုပ်သိမ်းပြီး ၊ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ အမေရိကန်နိုင်ငံသားတွေ သြဂုတ်လ(၉)ရက်နေ့ကစလို့ အလည်အပတ် လာရောက်နိုင်ပြီလို့ တနင်္လာနေ့က ကြေညာခဲ့ပြီးနောက်မှာ ၊ အမေရိကန်က အခုလို နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို ထပ်တိုး ပိတ်ပင် လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်နဲ့ ကနေဒါ ၊ မက္ကဆီကို တာဝန်ရှိသူတွေဟာ စဉ်ဆက်မပြတ် ဆက်သွယ်နေကြပြီး ၊ အခြေအနေ တိုးတက် ကောင်းမွန် လာတာနဲ့အမျှ ၊ ရေရှည် ဘေးကင်းလုံခြု့ဖို့ကို ထည့်စဉ်းစားရင်း တားမြစ်ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျော့သွားမယ်လို့ DHS ဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်နဲ့ ကနေဒါ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ၂၀၂၀ မတ်လကတည်းက နှစ်နိုင်ငံကြား ခရီးသွားလာခွင့် တားမြစ်ထားတာကို တစိတ်တပိုင်း ပြန်ဖွင့်ပေးဖို့ တိုက်တွန်းနေကြပါတယ်။ ကိုဗစ် ရှိမရှိဆေးစစ်ပြီး ပိုးမရှိတဲ့ ကနေဒါနိုင်ငံသားတွေ အမေရိကန်နိုင်ငံထဲကို လေကြောင်းကတဆင့် လာရောက်နိုင်တယ်လို့ ခွင့်ပြုထားပေမယ့် ၊ ကနေဒါကတော့ အမေရိကန်နိုင်ငံသားတွေကို အဲဒီလို ခွင့် မပြုထားပါဘူး။

အမေရိကန်နဲ့ ကနေဒါ၊ မက္ကဆီကို ၊ ဗြိတိန် ၊ အီးယူနိုင်ငံတွေကြား ခရီးသွားလာခွင့် တားမြစ်ထားတာကို တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်သွားနိုင်ရေး လေ့လာဖို့အတွက် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေကို ပြီးခဲ့တဲ့လထဲမှာ သမ္မတ ဘိုင်ဒန်အစိုးရက စတင်ဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG