သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston မာရသွန် ဗုံးခွဲသူ သေဒဏ်


သေဒဏ်ကျခံရတဲ့ ဘော်စတွန်မာရသွန်ဗုံးခွဲသူ Dzhokhar Tsarnaev.
သေဒဏ်ကျခံရတဲ့ ဘော်စတွန်မာရသွန်ဗုံးခွဲသူ Dzhokhar Tsarnaev.

၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့ မာရသွန်အပြေးပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်တာမှာ ပါဝင်ခဲ့သူ Dzhokhar Tsarnaev ကို ဂျူရီအဖွဲ့တဖွဲ့ က သေဒဏ်ချလိုက်ပါပြီ။ အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာရခဲ့ပါ တယ်။

အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးငါးဦးပါ ဂျူရီအဖွဲ့ဟာ သုံးရက်အတွင်း ၁၄ နာရီကျော်ကြာ အသေအချာ စဉ်းစား သုံးသပ်ကြပြီးတဲ့ နောက် ဘော်စတွန်မြို့ တရားခွင်မှာ သောကြာနေ့က ဆုံးဖြတ်ချက်ပေးခဲ့တာပါ။ အပြစ်ကြီးလေးမှုနဲ့ သက်ညှာ သင့်တဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးTsarnaev ကို သေဒဏ်ပေးသင့်တယ်လို့ ဂျူရီအဖွဲ့က တညီတညွတ်ထဲ ဆုံးဖြတ်တာပါ။

သေဒဏ်ပေးဖို့ရာ ဂျူရီအဖွဲ့အနေနဲ့ ကန့်ကွက်သူမရှိ တညီတညွတ်ထဲဆုံးဖြတ်ချက် ထွက်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ သူ့ကို အယူခံခွင့်မပေးဘဲ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ရမှာဖြစ်ပါတယ်။Tsarnaev က ခေါင်းငုံ့ပြီးတော့ ထိုင်နေတာနဲ့အမျှ ဂျူရီလူကြီးအဖွဲ့ဝင်တချို့ ငိုကြတယ် လို့ တရားရုံးမှာရှိနေခဲ့တဲ့ ဗွီအိုအေသတင်း ထောက် Fatima Tlisova ကပြောပါတယ်။

Tsarnaev ဟာ သွေးအေးအေးနဲ့ ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့ ဆုံးဖြတ်ချက်ထွက်ပြိးတဲ့နောက် ထုတ်ပြန် ချက်မှာ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Loretta Lynch က ပြောထားပါတယ်။

XS
SM
MD
LG