သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီသူပုန် မစ်ဇိုင်းဒုံး အမေရိကန် တိုက်ခိုက်ဖျက်ဆီး

RAF weapon technicians prepare a RAF Typhoon FRG4 aircraft to conduct further strikes against Houthi targets, Feb. 3, 2024. Cpl Samantha Drummee/UK MOD/Handout via REUTERS
RAF weapon technicians prepare a RAF Typhoon FRG4 aircraft to conduct further strikes against Houthi targets, Feb. 3, 2024. Cpl Samantha Drummee/UK MOD/Handout via REUTERS

ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးတခုကို ဒီကနေ့ အစောပိုင်းမှာပဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောလိုက်ပါတယ်။

ယီမင်နိုင်ငံက သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေကနေ ပစ်ခတ်မယ့် မစ်ဇိုင်းဒုံးဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် အရေးပေါ် ခြိမ်းခြောက်မှု အန္တရာယ်အဖြစ် အမေရိကန် စစ်တပ်က သုံးသပ်ခဲ့ကြောင်းလည်း X လူမှုကွန်ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

အမေရိကန် စစ်တပ်ရဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို အကာအကွယ်ပေးရာ ရောက်သလို နိုင်ငံတကာ ရေကြောင်းသွားလာမှုတွေ၊ အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေ ပိုမိုဘေးကင်း လုံခြုံစေတယ်လို့လည်း ပြောပါတယ်။

အီရန်နိုင်ငံက အားပေးထောက်ခံထားတဲ့ ဟူသီသူပုန်တွေအပေါ် နောက်ထပ် လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန် စနေနေ့က တိုက်ခိုက်ရာမှာတော့ ယီမင်နိုင်ငံက ပစ်မှတ် ၃၆ ခုထက်မနည်းကို ထိမှန်ခဲ့တာပါ။ တိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေရဲ့ လက်နက်တွေ၊ ရေဒါတွေနဲ့ အဝေးထိန်း ဒရုန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကြီးမားတဲ့ ပူးတွဲစစ်ဆင်ရေးမှာ တတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG