သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ အမေရိကန်ဘတ်ဂျက် သမ္မတအဆိုပြု

အမေရိကန်သမ္မတ အိုဘားမား ဗာဂျီးနီးယား Community College မှာ မိန့်ခွန်း ပြောနေစဉ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂။
အမေရိကန်သမ္မတ အိုဘားမား ဗာဂျီးနီးယား Community College မှာ မိန့်ခွန်း ပြောနေစဉ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂။

ချမ်းသာကြွယ်ဝသူတွေ ကုမ္ပဏီကြီးတွေအပေါ် အခွန်အတုတ် တိုးမြှင့်ဖို့နဲ့ အစိုးရရဲ့ အစီအစဉ်တွေ တော်တော်များများကို ဖြတ်တောက် လျှော့ချရေးအပါအဝင် သမ္မတအိုဘားမား အစိုးရရဲ့ ၂၀၁၃ ခုနှစ် ဘတ်ဂျက်အသုံးစားရိပ် အဆိုပြုလွှာကို အတည်ပြုပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။

သမ္မတအိုဘားမားက ဝါရှင်တန်မြို့တော်အနီးမှာရှိတဲ့ ဒေသဆိုင်ရာကောလိပ်ကျောင်းမှာ မိန့်ခွန်းပြောဆိုရာမှာ သူ့အစိုးရအနေနဲ့ ကျောင်းသားလူငယ်တွေ နည်းပညာ၊ အတတ်ပညာတိုးတက်ပြီး အလုပ်အကိုင်တွေ ရရှိစေဖို့အတွက် ပညာရေး ရန်ပုံငွေ မြှင့်တင်ဖို့ အလေးထား ပြောဆိုသွားပါတယ်။

သူ့အစိုးရအနေနဲ့ အမေရိကန်ရဲ့စီးပွားရေး အချိန်တိုအတွင်း ပြန်လည်ဦးမော့လာစေဖို့အတွက် အမေရိကန်ဒေါ်လာ ၃.၈ ထရီလျံသုံးစွဲဖို့ စီစဉ်ထားပြီး နောက်လာမယ့် ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သန်း (၄ ထရီလျှံ) လျာထား ထားကြောင်း ပြောဆိုပါတယ်။

အစိုးရအသုံးစားရိတ်ကို ညှိနိုင်အောင် နောင်လာမယ့် ဆယ်နှစ်အတွင်း ချမ်းသာကြွယ်၀ သူတွေနဲ့ ကော်ပိုရေးရှင်းတွေထံက အမေရိကန်ဒေါ်လာ သန်းပေါင်း တသန်းခွဲ တိုးမြှင့် ကောက်ခံဖို့ရှိကြောင်း ပြောပါတယ်။ ဒီအဆိုပြုချက်အရ နောက်လာမယ့်နှစ်အတွက် လိုငွေပြမှု ၁.၃ ထရီလျှံရှိမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၂၀၁၃ ခု ဘဏ္ဍာရေးနှစ်ဟာ အောက်တိုဘာလမှာ စတင်မှာဖြစ်ပြီး လာမယ့် သမ္မတရွေးကောက်ပွဲ မကျင်းပမီ တလအလိုလည်းဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG