သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအကူအညီပါဝင္တဲ့ ကန္အသုံးစရိတ္ဥပေဒ အတည္ျဖစ္


Biden US ASEAN

{Zawgyi/Unicode}

အေမရိကန္ ဖက္ဒရယ္အစိုးရရဲ႕ လာမယ့္ ၂၀၂၃ ခုႏွစ္ ဘ႑ာေရးႏွစ္အတြက္ အသုံးစရိတ္ ဥပေဒၾကမ္းကို မေန႔က သမၼတ ဂ်ိဳးဘိုင္ဒန္ လက္မွတ္ ေရးထိုးခဲ့သလို၊ ဒီအထဲမွာ ျမန္မာနဲ႔ ယူကရိန္း အတြက္ အေထာက္အပံ့ေတြလည္း ထည့္သြင္းထားပါတယ္။ ၂၀၂၃ စက္တင္ဘာ ဘဏၰာေရးႏွစ္ ကုန္အထိ လည္ပတ္ႏိုင္မယ့္ ေဒၚလာ ၁.၇ ႀတီလ်ံ အသုံးစရိတ္ ဥပေဒၾကမ္းထဲမွာ ႐ုရွားရဲ႕ က်ဳးေက်ာ္မႈကို ခုခံ တိုက္ခိုက္ေနတဲ့ ယူကရိန္းကို ေဒၚလာ ဘီလ်ံနဲ႔ခ်ီ ေထာက္ပံ့ဖို႔ ပါဝင္ၿပီး ျမန္မာ့ ဒီမိုကေရစီေရး အတြက္ကိုေတာ့ ေဒၚလာ သန္း ၁၃၀ ေက်ာ္ ေထာက္ပံ့ ကူညီဖို႔ ထည့္သြင္း ျပဌာန္းထားပါတယ္။

အခု အကူအညီေတြဟာ မၾကာခင္က အတည္ျပဳခဲ့တဲ့ ၂၀၂၃ ခုႏွစ္ အေမရိကန္ အမ်ိဳးသားကာကြယ္ေရး ဥပေဒ NDAA ေအာက္က ျမန္မာႏိုင္ငံ ဒီမိုကေရစီေရး အတြက္ အေမရိကန္လႊတ္ေတာ္က အေရးယူ ေဆာင္႐ြက္မယ့္ BURMA ACT ဥပေဒနဲ႔ ဆက္ႏြယ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရး အဆုံးသတ္ေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ေနၾကတဲ့ တိုင္းရင္းသား အဖြဲ႕အစည္းေတြ၊ အရပ္ဖက္ လူမႈ အဖြဲ႕အစည္း ေတြအတြက္ ဘာသာေရး၊ လူ႔အခြင့္အေရးနဲ႔ တိုင္းရင္းသားအေရး ကိစၥေတြအျပင္ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးသြားဖို႔အတြက္ ေဒၚလာ သန္း ၁၃၀ ေက်ာ္ ကူညီဖို႔ အေမရိကန္ ဖက္ဒရယ္အစိုးရ အသုံးစရိတ္မွာ ထည့္သြင္းထားတာပါ။

ဒီဥပေဒၾကမ္းကို ခရစၥမတ္ မတိုင္ခင္ေလးမွာပါပဲ ဒီမိုကရက္ လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္တဲ့ ေအာက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၂၂၅ မဲ ကန႔္ကြက္မဲ ၂၀၁ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။ အထက္လႊတ္ေတာ္မွာေတာ့ ေထာက္ခံမဲ ၆၈ မဲ ကန႔္ကြက္မဲ ၂၉ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။

ဒီ အသုံးစရိတ္ဥပေဒကို ဒီကေန႔ ေသာၾကာေန႔ည အထိသာ လက္မွတ္ မေရးထိုးႏိုင္ခဲ့ဘူး ဆိုရင္ အေမရိကန္အစိုးရရဲ႕ လုပ္ငန္းေတြ တစိတ္တပိုင္း ရပ္ဆိုင္းမွာ ျဖစ္တဲ့အတြက္ အခုလို အခ်ိန္မီ အတည္ျပဳလိုက္ႏိုင္တာကို ဂုဏ္ယူတဲ့အေၾကာင္း သမၼတ Joe Biden က ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာအကူအညီပါဝင်တဲ့ ကန်အသုံးစရိတ်ဥပဒေ အတည်ဖြစ်

{Unicode}

အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ လာမယ့် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် ဥပဒေကြမ်းကို မနေ့က သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ် ရေးထိုးခဲ့သလို၊ ဒီအထဲမှာ မြန်မာနဲ့ ယူကရိန်း အတွက် အထောက်အပံ့တွေလည်း ထည့်သွင်းထားပါတယ်။ ၂၀၂၃ စက်တင်ဘာ ဘဏ္ဏာရေးနှစ် ကုန်အထိ လည်ပတ်နိုင်မယ့် ဒေါ်လာ ၁.၇ တြီလျံ အသုံးစရိတ် ဥပဒေကြမ်းထဲမှာ ရုရှားရဲ့ ကျုးကျော်မှုကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းကို ဒေါ်လာ ဘီလျံနဲ့ချီ ထောက်ပံ့ဖို့ ပါဝင်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက်ကိုတော့ ဒေါ်လာ သန်း ၁၃၀ ကျော် ထောက်ပံ့ ကူညီဖို့ ထည့်သွင်း ပြဌာန်းထားပါတယ်။

အခု အကူအညီတွေဟာ မကြာခင်က အတည်ပြုခဲ့တဲ့ ၂၀၂၃ ခုနှစ် အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေ NDAA အောက်က မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် အမေရိကန်လွှတ်တော်က အရေးယူ ဆောင်ရွက်မယ့် BURMA ACT ဥပဒေနဲ့ ဆက်နွယ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်အောင် ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှု အဖွဲ့အစည်း တွေအတွက် ဘာသာရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေအပြင် လူသားချင်းစာနာမှု အကူအညီတွေ ပေးသွားဖို့အတွက် ဒေါ်လာ သန်း ၁၃၀ ကျော် ကူညီဖို့ အမေရိကန် ဖက်ဒရယ်အစိုးရ အသုံးစရိတ်မှာ ထည့်သွင်းထားတာပါ။

ဒီဥပဒေကြမ်းကို ခရစ္စမတ် မတိုင်ခင်လေးမှာပါပဲ ဒီမိုကရက် လွှတ်တော်အမတ်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၂၅ မဲ ကန့်ကွက်မဲ ၂၀၁ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ ထောက်ခံမဲ ၆၈ မဲ ကန့်ကွက်မဲ ၂၉ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

ဒီ အသုံးစရိတ်ဥပဒေကို ဒီကနေ့ သောကြာနေ့ည အထိသာ လက်မှတ် မရေးထိုးနိုင်ခဲ့ဘူး ဆိုရင် အမေရိကန်အစိုးရရဲ့ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းမှာ ဖြစ်တဲ့အတွက် အခုလို အချိန်မီ အတည်ပြုလိုက်နိုင်တာကို ဂုဏ်ယူတဲ့အကြောင်း သမ္မတ Joe Biden က ပြောဆိုသွားပါတယ်။

XS
SM
MD
LG