သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ အသုံးစရိတ်ဖြတ်တောက်မှု သောကြာနေ့ စတင်


ဝါရှင်တန်ဒီစီမြို့တော် ကွန်ကရက်အဆောက်အဦးရှေ့ ကွန်ကရက်လွှတ်တော်အမတ်များကို တွေ့ရစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၁၃)
ဝါရှင်တန်ဒီစီမြို့တော် ကွန်ကရက်အဆောက်အဦးရှေ့ ကွန်ကရက်လွှတ်တော်အမတ်များကို တွေ့ရစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ သောကြာနေ့ကစလို့ အစိုးရ အသုံးစရိတ် ၈၅ဘီလျံ ဒေါ်လာ လျှော့ချ ဖြတ်တောက်ရမဲ့ အခြေအနေကို ရှောင်ရှားနိုင်ရေး အဆိုပြုကြတဲ့
ဥပဒေကြမ်းတွေကို ဆီးနိတ်လွှတ်တော်မှာ ပယ်ချလိုက်ကြတဲ့အတွက် အသုံးစရိတ်
ဖြတ်တောက်မှုတွေကို ရှောင်ရှားလို့ မရတော့တဲ့ အနေအထားမှာ ဖြစ်နေပါတယ်။

ဘယ်နေရာတွေမှာ အသုံးစရိတ်တွေ ဖြတ်တောက်မလဲဆိုတာကို သမ္မတအနေနဲ့ ပိုပြီး ရွေးချယ် ဆုံးဖြတ်နိုင်မဲ့ Republican တို့ရဲ့ အဆိုပြုချက်ကို ကြာသပတေးနေ့ က Democratic တွေက ပယ်ချခဲ့ပါတယ်၊ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်တွေကို အခွန်တိုးကောက်ရေးနဲ့ လယ်ယာ စိုက်ပျိုးရေး အသုံးစရိတ်ထောက်ပံ့မှု အစီအစဉ်တွေကို ရပ်ဆိုင်းရေး၊ Democrat တွေရဲ့ အဆိုပြုချက်ကိုလဲ Republican တွေဖက်က ပယ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့ကစလို့ မဖြစ်မနေ အလိုအလျောက် အသုံးစရိတ် ဖြတ်တောက်ရတော့မယ် ဆိုရင် အစိုးရဌာနတွေ အားလုံးအပေါ်မှာ သက်ရောက်မှုတွေ
ရှိမှာဖြစ်ပါတယ်။ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လျှော့ချရမှာဖြစ်ပြီး အစိုးရဝန်ထမ်း
အများအပြားဟာလည်း လစာမဲ့ခွင့်တွေကို ယူကြရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေကို ရှောင်ရှား နိုင်ရေးအတွက် သမ္မတအိမ်ဖြူတော်နဲ့ Congress လွှတ်တော်တို့က ပြေလည်အောင် အပေး အယူ မလုပ်နိုင်ကြတဲ့အပေါ်မှာလဲ တော်တော်များများက အားမလို
အားမရဖြစ်နေကြပါတယ်။
XS
SM
MD
LG