သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် အတည်ပြုတဲ့ဘတ်ဂျက် ကျန်းမာရေးကိစ္စပယ်ချ


ီရီပတ်ဘလီကင်ပါတီဝင် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner (ယာ)
ီရီပတ်ဘလီကင်ပါတီဝင် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner (ယာ)
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က အစိုးရအသုံးစရိတ် ပံ့ပိုးရေး ယာယီအစီစဉ်တရပ်ကို အတည်ပြုလိုက်တဲ့အတွက် အိုဘားမားအစိုးရ လုပ်ငန်း ဆက်လက်လည်ပတ်ခွင့် ရရှိတော့မှာဖြစ်ပေမယ့် သမ္မတအိုးဘားမားရဲ့ အဓိကစီမံကိန်းတခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက်တော့ အထောက်အပံ့ ပေးဖို့မရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို သောကြာနေ့က ထောက်ခံမဲ ၂၃၀ ကန့်ကွက်မဲ ၁၈၉ မဲနဲ့ ရီပတ်ပလီကင်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရက်တွေလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကို ရောက်တဲ့အခါမှာတော့ အတည်ပြုချက်ရရှိလိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပြီး ဒီလအကုန်မှာသာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင်ဘူးဆိုရင် အစိုးရယန္တရားတချို့ကို ရပ်ဆိုင်းလိုက်ရမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘေနာက အမေရိကန်ပြည်သူအများစုက လက်မခံကြဘူးဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG