သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်

အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး နောက်တပတ်ထဲမှာ မြန်မာပြည်ကိုသွားဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) မြန်မာပြည်ကို ၄ ရက်ကြာခရီးနဲ့ သွားမယ်ဆိုတာ သေချာတယ်လို့ သူ့ရဲ့ရုံးက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပိုပြီးလုပ်လာဖို့ တိုက်တွန်းမယ့်ခရီးစဉ်လို့လည်း ဆိုပါတယ်။

အေပီသတင်းမှာ ဒီကနေ့ဖော်ပြထားတာကတော့ မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) ကလည်း မြန်မာပြည်ကို တတိယအကြိမ်အဖြစ် ထပ်သွားဖို့ရှိပြီး လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ နဲ့ ဒဲရက်မစ်ချဲလ်တို့ မြန်မာပြည်မှာ ဆုံကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒဲရက်မစ်ချဲလ် မြန်မာပြည်ကနေ ဝါရှင်တန်ဒီစီကို ပြန်ရောက်လာတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒဲရက်မစ်ချဲလ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပြီး လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ရော မြန်မာပြည်က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG